ပလပ်စတစ်ကြိုးပြားဖြင့်ပြုလုပ်သောအိတ်ထိုးလက်မှုပညာသင်တန်း ဆင်းပွဲအခမ်းအနား

၂၀၁၈ခုနှစ်၊ စက်တင်ဘာလ (၅)ရက်
 မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူးကျင်းပသည့် မိသားစု ဝင်ငွေတိုးလုပ်ငန်းအစီအစဉ်ဖြင့် ရည်ရွယ်ဖွင့်လှစ်သော ပလပ်စတစ်ကြိုးပြားဖြင့်ပြုလုပ် သောအိတ်ထိုးလက်မှု ပညာသင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နေ့၊ နေ့လည် (၂:၀၀)နာရီတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းရုံးရှိ သက်မွေးဝမ်းကြောင်းပညာဌာနတွင် ကျင်းပြုလုပ်ခဲ့ပါသည်။
 
အခမ်းအနားတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းသူအားလုံး ကိုယ်စားသင်တန်းသူတစ်ဦးအားသင်တန်းဆင်း လက်မှတ်များပေးအပ်ခဲ့ပါသည်။ ဆက် လက်၍ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက် ရေးအသင်း ဘဏ္ဍာရေးမှူး ဒေါက်တာ လဲ့လဲ့ရီမှ သင်တန်းဆရာမများကို ဂုဏ်ပြုလွှာကဒ် နှင့် ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ခဲ့ ပါသည်။ထို့နောက် သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးမှကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ ပါသည်။