ပလပ်စတစ်ကြိုးပြားဖြင့်ပြုလုပ်သောအိတ်ထိုးလက်မှုပညာသင်တန်း ဖွင့်ပွဲအခမ်းအနား

၂၀၁၈ခုနှစ်၊ စက်တင်ဘာလ (၃)ရက်
 မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူးကျင်းပသည့် မိသားစု ဝင်ငွေတိုးလုပ်ငန်းအစီအစဉ်ဖြင့် ရည်ရွယ်ဖွင့်လှစ်သော ပလပ်စတစ်ကြိုးပြားဖြင့်ပြုလုပ် သောအိတ်ထိုးလက်မှု ပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ (၃)ရက်နေ့၊ နံနက် (၉:၀၀)နာရီတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ရုံးရှိ သက်မွေးဝမ်း ကြောင်းပညာဌာနတွင် ကျင်းပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်၊ ဘဏ္ဌာရေးမှူး ဒေါက်တာလဲ့လဲ့ရီနှင့် ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင်ဒေါ်သန်းသန်းစိန်၊IPPF ဌာနမှ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာ မေချမ်းဦး၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ဥက္ကဌနှင့် ဒုတိယဥက္ကဌ၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘ၀မြှင့်တင်ရေးအသင်းမှ ဒုတိယဥက္ကဌနှင့် အ တွင်းရေးမှူး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အဖွဲ့၀င်၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း အဖွဲ့မှ အဖွဲ့၀င်၊ နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဌ၊ သင်တန်းနည်းပြများ၊ သင်တန်းသူများနှင့် အခြား ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ ကြပါသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်း သို့ နေပြည်တော်အတွင်းရှိ ၀န်ကြီးဌာနများနှင့်မြို့နယ်များမှ သင်တန်းသူ စုစုပေါင်း (၁၉) ဦးတက်ရောက်ခဲ့ပြီး၎င်းသင်တန်းကို ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ (၃)ရက်နေ့မှ (၅)ရက် နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်းသိရပါသည်။