မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်ကျန်းမာရေးနှင့်အားကစား၀န်ကြီး ဌာနတို့ပူးပေါင်းဆောင်ရွက်သောပြည်သူလူထုအခြေပြုရွေ့လျားကျန်းမာရေးဆေးခန်းကို နေပြည်တော်၊ ပျဉျးမနားမြို့နယ်၊ သစ်လေးလုံးကျေးရွာတွင် ဆောင်ရွက်ခြင်း။

၂၀၁၈ခုနှစ်၊ မတ်လ (၂၅) ရက်နေ့။
 

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက်ကပြါမောက်ခဒေါက်တာစန်းစန်းမြင့်အောင်၊ စာရင်းစစ် ဒေါက်တာခင်၀င်းသက်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၀င် ဒေါ်သန်းသန်းစိန်နှင့် အသင်းမှ တာ၀န်ရှိသူများ၊ နေပြည်တော်ကုတင် (၁၀၀၀) ပြည်သူ့ ဆေးရုံကြီးမှ သွားဘက်ဆိုင်ရာအထူးကု ဆရာ၀န်အဖွဲ့၊ ပျဉျးမနားကုတင် (၂၀၀)ပြည်သူ့ ဆေးရုံမှ မျက်စိအထူးကုဆရာ၀န်များအဖွဲ့၊ နေပြည်တော် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာ၀န်ရှိသူများ၊ နေပြည်တော် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့ဥက်ကြ၊ အတွင်းရေးမှူးနှင့် အဖွဲ့၀င်များ၊ ဒက်ခိဏ ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက် မှု ကြီးကြပ်ရေး အဖွဲ့ ဥက်ကြ၊ အတွင်းရေးမှူး နှင့် ပျဉျးမနားမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဥက်ကနြှင့် အဖွဲ့၀င်များ၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း မေတ်တာစမ်းရေ ဆေးခန်းမှ လက်ထောက်ဆရာ၀န်များ လိုက်ပါလျက်၂၀၁၈ခုနှစ်၊ မတ်လ (၂၅) ရက်နေ့တွင် နေပြည်တော်၊ ပျဉျးမနားမြို့နယ်၊ သစ်လေးလုံး ကျေးရွာသို့ သွားရောက်ကာ ရွေ့လျားကျန်းမာရေး ဆေးခန်းကို ဆောင်ရွက်ခဲ့ပါသည်။

ရှေးဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက်ကပြါမောက်ခဒေါက်တာစန်းစန်း မြင့်အောင်မှ အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ လက်ထောက်ဆရာ၀န် ဒေါက်တာ သက်နိုင်ဦးက သွေးတိုး၊ ဆီးချိုအကြောင်းကိုလည်းကောင်း ၊ အသက် (၂၄)နှစ်အောက် လူငယ်များ ကို “လူကုန်ကူးခြင်းဆိုင်ရာ သိကောင်းစရာများ’’အကြောင်းကို ပြည်ထဲရေး၀န်ကြီးဌာနမှ ရဲအုပ် ဦးရဲမင်းလွင်က လည်းကောင်း၊ ပျိုရွယ်သူကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျား/မ ရေးရာ အခြေခံ သဘောတရားများအကြောင်းကို မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းမှ ဆက်သွယ် ရေး အရာရှိ ဒေါ်အေးသီရိမြတ်က လည်းကောင်းအသီးသီး ကျန်းမာရေး အသိပညာပေး ဟောပြော ခဲ့ကြပါသည်။

ဆက်လက်၍ အဘိုးအဘွားများကို အားဆေးနှင့်အာဟာရဖြစ်စေမည့်အစားအစာများကိုလည်း
ကောင်း၊ကိုယ်၀န်ဆောင်မိခင်များကို ကလေးအကျႌ၊အနှီးပိတ်၊အိုင်အိုဒင်းဆားနှင့်ဆပ်ပြာများကို လည်း
ကောင်း၊ကျေးရွာစာကြည့်တိုက်အတွက်မေတ်တာစမ်းရေမဂ်ဂဇင်းများကို လည်းကောင်းလှူဒါန်းခဲ့ပါသည်။
အဆိုပါ ပြည်သူလူထုအခြေပြုရွေ့လျားကျန်းမာရေးဆေးခန်းသို့် သက်ကြီးဘိုးဘွားများ၊ကိုယ်၀န် ဆောင်များ၊လူငယ်များနှင့်လာရောက်ပြသသောလူနာများ အပါအ၀င်ကျေးရွာရပ်ကွက်မှ တာ၀န်ရှိသူ များ တက်ရောက်ခဲ့ပြီးကျန်းမာရေးစစ်ဆေးခြင်းများကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ကိုယ်၀န်ဆောင်   (၃၁) ဦး၊ သက်ကြီးဘိုးဘွား (၇၂) ဦး၊ မျက်စိလူနာ (၅၃) ဦး၊ သွားနှင့်ခံတွင်းလူနာ (၁၃) ဦးနှင့် အထွေထွေလူနာ (၁၃၀) ဦး၊ စုစုပေါင်း (၂၉၉) ဦးတို့ကို ကြည့်ရှု့စစ်ဆေးကုသပေးခဲ့ပြီး ညှှန်းပို့ရန် လိုအပ်သောလူနာ (၅) ဦးကို နီးစပ်ရာကျန်းမာရေးဌာနသို့ ညှှန်းပို့ခြင်းနှင့် သက်ကြီးရွယ်အို (၃) ဦးအား ထောက်ပံ့ ခြင်းများကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။