မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်ကျန်းမာရေးနှင့်အားကစား၀န်ကြီး ဌာနတို့ပူးပေါင်းဆောင်ရွက်သောပြည်သူလူထုအခြေပြုရွေ့လျားကျန်းမာရေးဆေးခန်းကို နေပြည်တော်၊ ဒက်ခိဏသီရိမြို့နယ်၊ ကူနှစ်လုံးအုပ်စု၊ ဆည်စုကျေးရွာတွင် ဆောင်ရွက်ခြင်း။ ၂၇.၅.၂၀၁၈

၂၀၁၈ခုနှစ်၊ မေလ (၂၇) ရက်နေ့
 

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်ကျန်းမာရေးနှင့်အားကစား၀န်ကြီး
ဌာနတို့ပူးပေါင်းဆောင်ရွက်သောပြည်သူလူထုအခြေပြုရွေ့လျားကျန်းမာရေးဆေးခန်းကို နေပြည်တော်၊ ဒက်ခိဏသီရိမြို့နယ်၊ ကူနှစ်လုံးအုပ်စု၊ ဆည်စုကျေးရွာတွင် ဆောင်ရွက်ခြင်း။ ၂၇.၅.၂၀၁၈

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက်ကြ ပါမောက်ခ ဒေါက်တာစန်းစန်းမြင့်အောင်၊ အတွင်းရေးမှူး ဒေါက်တာနွယ်နီအုန်း၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၀င် ဒေါ်သန်းသန်းစိန်နှင့် အသင်းမှ တာ၀န်ရှိသူများ၊ ပျဉျးမနားကုတင် (၂၀၀) ပြည်သူ့ဆေးရုံမှ မျက်စိအထူးကုဆရာ၀န်ကြီးနှင့်အဖွဲ့၊ နေပြည်တော်ကုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီးမှ သွားဘက်ဆိုင်ရာအထူးကုဆရာ၀န်ကြီးနှင့် အဖွဲ့၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာ၀န်ရှိသူများ၊ နေပြည်တော် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက်ကြ၊ အတွင်းရေးမှူးနှင့် အဖွဲ့၀င်များ၊ ဒက်ခိဏခရိုင်မိခင်နှင့် ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့ ဥက်ကြ၊ အတွင်းရေးမှူး နှင့် ဒက်ခိဏသီရိမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက်ကနြှင့် အဖွဲ့၀င်များ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မှ လက်ထောက်ဆရာ၀န်များ လိုက်ပါလျက် ၂၀၁၈ခုနှစ်၊ မေလ (၂၇) ရက်နေ့တွင် နေပြည်တော်၊ ဒက်ခိဏသီရိမြို့နယ်၊ ကူနှစ်လုံးအုပ်စု၊ ဆည်စုကျေးရွာသို့ သွားရောက်ကာ ရွေ့လျားကျန်းမာရေး ဆေးခန်းကို ဆောင်ရွက်ခဲ့ပါသည်။

ရှေးဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက်ကြ ပါမောက်ခဒေါက်တာစန်းစန်း မြင့်အောင်က အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ လက်ထောက်ဆရာ၀န် ဒေါက်တာ သက်နိုင်ဦးက သွေးတိုးရောဂါအကြောင်းကိုလည်းကောင်း ၊ လက်ထောက်ဆရာ၀န် ဒေါက်တာ မေချမ်းဦးက သွေးလွန်တုပ်ကွေးရောဂါကာကွယ်ခြင်းအကြောင်းကိုလည်းကောင်း၊ အသက် (၂၄)နှစ် အောက် လူငယ်များအား “သက်ငယ်မုဒိမ်းမှုကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအကြောင်း”ကို  ပြည်ထဲရေး၀န်ကြီးဌာနမှ ဒုရဲမှူး ဒေါ်သူဇာလွင် ကလည်းကောင်း၊ “လူကုန်ကူးခြင်းဆိုင်ရာ သိကောင်းစရာများ အကြောင်း”ကို  ရဲအုပ် ဦးရဲမင်းလွင်ကလည်းကောင်း၊ “ပျိုရွယ်သူ ကျန်းမာရေး အသိပညာပေးခြင်းနှင့် ကျား/မ ရေးရာ အခြေခံသဘောတရားများအကြောင်း”ကို မြန်မာနိုင်ငံမိခင် နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဆက်သွယ်ရေးအရာရှိ ဒေါ်အေးသီရိမြတ်က လည်းကောင်း အသီးသီး အသိပညာပေးဟောပြောခဲ့ကြပါသည်။

ဆက်လက်၍ အဘိုးအဘွားများကို အားဆေးနှင့်အာဟာရဖြစ်စေမည့်အစားအစာများကိုလည်း
ကောင်း၊ ကိုယ်၀န်ဆောင်မိခင်များကို ကလေးအကျႌ၊အနှီးပိတ်၊ အိုင်အိုဒင်းဆားနှင့် ဆပ်ပြာများကို လည်းကောင်း၊ ကျေးရွာစာကြည့်တိုက်အတွက်မေတ်တာစမ်းရေမဂ်ဂဇင်းများကိုလည်းကောင်းလှူဒါန်းခဲ့ပါသည်။
အဆိုပါ ပြည်သူလူထုအခြေပြုရွေ့လျားကျန်းမာရေးဆေးခန်းသို့် သက်ကြီးဘိုးဘွားများ၊ ကိုယ်၀န် ဆောင်များ၊ လူငယ်များနှင့်လာရောက်ပြသသောလူနာများ အပါအ၀င်ကျေးရွာရပ်ကွက်မှ တာ၀န်ရှိသူ များ တက်ရောက်ခဲ့ပြီး ကျန်းမာရေးစစ်ဆေးခြင်းများကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ကိုယ်၀န်ဆောင်   (၃၂) ဦး၊ သက်ကြီးဘိုးဘွား (၁၅၀) ဦး၊ မျက်စိလူနာ (၄၇) ဦး၊ သွားနှင့်ခံတွင်းလူနာ (၂၈) ဦးနှင့် အထွေထွေလူနာ (၁၇၂) ဦး၊ စုစုပေါင်း (၄၂၉) ဦးတို့ကို ကြည့်ရှု့စစ်ဆေးကုသပေးခဲ့ပြီး ညှှန်းပို့ရန် လိုအပ်သောလူနာ (၅) ဦးကို နီးစပ်ရာကျန်းမာရေးဌာနသို့ ညှှန်းပို့ခြင်းနှင့် လူနာ (၂) ဦးအား ခရီးစရိတ်ထောက်ပံ့ခြင်းများကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။