မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီး ဌာနတို့ပူးပေါင်းဆောင်ရွက်သော ပြည်သူလူထုအခြေပြုရွေ့လျားကျန်းမာရေး ဆေးခန်းကိုနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ရွှေခဲအင်းကျေးရွာတွင် ဆောင်ရွက်ခြင်း။

၂၀၁၉ခုနှစ်၊ မတ်လ(၃၁)ရက်
          မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာ စန်းစန်းမြင့်အောင်၊ ဒုတိယ ဥက္ကဌ(၁) ပါမောက္ခ ဒေါက်တာမာလာဝင်း၊ အတွင်းရေးမှူး ဒေါက်တာနွယ်နီအုန်း၊ ဘဏ္ဍာရေးမှူး ဒေါက်တာ လဲ့လဲ့ရီ၊ စာရင်းစစ် ဒေါက်တာခင်ဝင်း သက်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်သန်းသန်းစိန်တို့ဦးဆောင်၍ အသင်းမှတာဝန် ရှိသူများ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဌ ဒေါက်တာ ခင်စိုးစိုးကြည်နှင့် အတွင်းရေးမှူး ဒေါက်တာကြည်မို့မို့လွင်၊ ပျဉ်းမနား ကုတင်(၂၀၀) ပြည်သူ့ဆေးရုံမှ မျက်စိအထူးကုဆရာဝန်ကြီးနှင့်အဖွဲ့၊ နေပြည်တော် ကုတင်(၁၀၀၀) ပြည်သူ့ဆေးရုံမှ သွားဘက်ဆိုင်ရာ အထူးကု ဆရာဝန်ကြီးနှင့်အဖွဲ့၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော် မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ လက်ထောက်ဆရာဝန်များနှင့် IPPFစီမံချက်ဌာနမှ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာမေချမ်းဦးတို့ လိုက်ပါလျက် ၂၀၁၉ခုနှစ်၊ မတ်လ (၃၁)ရက်နေ့တွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရွှေခဲအင်းကျေးရွာသို့ သွားရောက် ကာ ရွေ့လျား ကျန်းမာရေးစောင့်ရှောက်မှုကိုဆောင်ရွက်ခဲ့ပါသည်။
          ရှေးဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်က အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ အဘိုးအ ဘွား(၆၉)ဦးကို အားဆေးနှင့် အာဟာရဖြစ်စေမည့် အစား အစာများကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်(၁၃)ဦးကို ကလေးအင်္ကျီ၊ အနှီးပိတ်၊ အိုင်အိုဒင်းဆား၊ ဆပ်ပြာများ၊ သွားတိုက်ဆေးနှင့် သွားတိုက်တံများကိုလည်းကောင်း၊ ကျေးရွာစာကြည့်တိုက်အတွက် မေတ္တာစမ်းရေ မဂ္ဂဇင်းများကိုလည်းကောင်း လှူဒါန်းခဲ့ပါ သည်။
ဆက်လက်၍ ဒေါက်တာ ကျော်ကိုကိုမှ ဆီးချိုရောဂါအကြောင်းကိုလည်းကောင်း၊ (၂၄)နှစ်အောက် လူငယ်များအား “သက်ငယ်မုဒိမ်းမှု ကာကွယ်ရေးဆိုင်ရာနှင့်လူကုန်ကူး ခြင်းဆိုင်ရာသိကောင်းစရာများအကြောင်း”ကိုပြည်ထဲရေးဝန်ကြီးဌာနမှ ဒုရဲမှူး ဒေါ်သူဇာ လွင်မှ လည်းကောင်း၊ မေတ္တာ စမ်းရေဆေးခန်း၊ လက်ထောက်ဆရာဝန် ဒေါက်တာ ခင်ဝါဝါလှိုင်မှ ကိုယ်ဝန်ဆောင် စောင့် ရှောက်ခြင်းအကြောင်းကိုလည်းကောင်း၊ IPPF စီမံချက်ဌာန၊ အမှုဆောင် ညွှန်ကြားရေး မှူး ဒေါက်တာမေချမ်းဦးက ပျိုရွယ်သူမျိုး ဆက်ပွားကျန်းမာရေး အသိပညာပေးခြင်းအကြောင်းကိုလည်းကောင်း အသီးသီး အသိ ပညာပေးဟောပြောခဲ့ကြပါသည်။
 
                   အဆိုပါ ပြည်သူလူထုအခြေပြု ရွေ့လျားကျန်းမာရေးဆေးခန်းသို့ သက်ကြီး ဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်များ၊ လူငယ်များနှင့် လာရောက်ပြသသော လူနာများအပါ အဝင် ကျေးရွာ၊ ရပ်ကွက်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ကျန်းမာရေးစစ်ဆေးခြင်း များကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ကိုယ်ဝန်ဆောင်(၁၉)ဦး၊ သက်ကြီးဘိုးဘွား (၆၉)ဦး၊ မျက်စိ လူနာ(၅၈)ဦး၊ သွားနှင့်ခံတွင်းလူနာ(၁၃)ဦးနှင့် အထွေထွေလူနာ(၁၁၄)ဦး စုစု ပေါင်း(၂၇၃) ဦးတို့ကို ကြည့်ရှုစစ်ဆေးကုသဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။