မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီး ဌာနတို့ပူးပေါင်းဆောင်ရွက်သော ပြည်သူလူထုအခြေပြုရွေ့လျားကျန်းမာရေး ဆေးခန်းကိုနေပြည်တော်၊ ဇေယျာသီရိမြို့နယ်ကျည်တောင်ကျေးရွာတွင် ဆောင်ရွက် ခြင်း။

၂၀၁၉ခုနှစ်၊ ဇွန်လ(၂၃)ရက်
          မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာ စန်းစန်းမြင့်အောင် ဦးဆောင်၍ အသင်းမှတာဝန်ရှိသူများ၊ပျဉ်းမနား ကုတင်(၂၀၀) ပြည်သူ့ဆေးရုံမှ မျက်စိ အထူးကုဆရာဝန်ကြီးနှင့်အဖွဲ့၊ နေပြည်တော် ကုတင်(၁၀၀၀) ပြည်သူ့ဆေးရုံမှ သွားဘက် ဆိုင်ရာ အထူးကုဆရာဝန်ကြီးနှင့်အဖွဲ့၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ လက်ထောက် ဆရာ ဝန်များနှင့် IPPFစီမံချက်ဌာနမှ ဒုတိယစီမံကိန်း အရာရှိဒေါ်နန်းအင်ကြင်းဦးတို့ လိုက်ပါလျက် ၂၀၁၉ခုနှစ်၊ ဇွန်လ (၂၃)ရက်နေ့တွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာသို့ သွားရောက်ကာ ရွေ့လျားကျန်းမာရေးစောင့်ရှောက်မှုကို ဆောင် ရွက်ခဲ့ပါသည်။
          ရှေးဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ အဘိုးအဘွား(၈၀)ဦးကို အားဆေးနှင့် အာဟာရဖြစ်စေမည့် အစား အစာများကို လည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်(၂၈)ဦးကို ကလေးအင်္ကျီ၊ အနှီးပိတ်၊ အိုင်အိုဒင်းဆား၊ ဆပ်ပြာများ၊ သွားတိုက်ဆေးနှင့် သွားတိုက်တံများကိုလည်းကောင်း ထောက်ပံ့ပေးအပ် ခဲ့ပါ သည်။
ဆက်လက်၍ ဒေါက်တာ သက်နိုင်ဦးမှ ဆီးချိုရောဂါအကြောင်းကိုလည်းကောင်း၊ (၂၄)နှစ်အောက် လူငယ်များအား “သက်ငယ်မုဒိမ်းမှု ကာကွယ်ရေးဆိုင်ရာနှင့်လူကုန် ကူး ခြင်းဆိုင်ရာသိကောင်းစရာများအကြောင်း”ကိုပြည်ထဲရေးဝန်ကြီးဌာနမှ ဒုရဲမှူး ဒေါ်သူဇာ လွင်မှ လည်းကောင်း၊ မေတ္တာစမ်းရေဆေးခန်း၊ လက်ထောက်ဆရာဝန် ဒေါက်တာ လင်းပြည့်သိန်းမှ ကိုယ်ဝန်ဆောင်စောင့်ရှောက်ခြင်းအကြောင်းကိုလည်းကောင်း၊ IPPF စီမံချက် ဌာန၊ ဒုတိယစီမံကိန်း အရာရှိ ဒေါ်နန်းအင်ကြင်းဦးက ပျိုရွယ် သူမျိုး ဆက်ပွား ကျန်းမာရေး အသိပညာပေးခြင်းအကြောင်းကိုလည်းကောင်း အသီးသီး အသိပညာပေး ဟောပြောခဲ့ကြပါသည်။
 
                   အဆိုပါ ပြည်သူလူထုအခြေပြု ရွေ့လျားကျန်းမာရေးဆေးခန်းသို့ သက်ကြီး ဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်များ၊ လူငယ်များနှင့် လာရောက်ပြသသော လူနာများ အပါ အဝင် ကျေးရွာ၊ ရပ်ကွက်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ကျန်းမာရေးစစ်ဆေးခြင်း များကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ကိုယ်ဝန်ဆောင်(၂၈)ဦး၊ သက်ကြီး ဘိုးဘွား (၈၀)ဦး၊ မျက်စိ လူနာ(၂၅၃)ဦး၊ သွားနှင့်ခံတွင်းလူနာ(၁၃၃)ဦးနှင့် အထွေထွေလူနာ(၁၅၂)ဦး စုစု ပေါင်း(၆၄၆) ဦးတို့ကို ကြည့်ရှုစစ်ဆေးကုသဆောင်ရွက်ပေးနိုင်ခဲ့ ပါသည်။