မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သားကောင်းမိခင်နှင့် ကလေးပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပခြင်း။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၃)ရက်
 
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသည် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သားကောင်းမိခင်နှင့်ကလေးပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၃)ရက်နေ့ နံနက်(၈:၀၀)နာရီနှ (၁၂:၀၀)နာရီအချိန်အထိအသင်းရုံးတွင် ကျင်းပပြု လုပ်ခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင်၊ ဒုတိယဥက္ကဌ(၂) ဒေါက်တာတင်ညိုညိုလတ်၊ အတွင်း ရေးမှူးဒေါက်တာနွယ်နီအုန်း၊စာရင်းစစ် ဒေါက်တာခင်ဝင်းသက်နှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဥတ္တရသီရိကလေးဆေးရုံကြီးမှ ကလေးအထူးကုဆရာ ဝန်ကြီးများ၊ လယ်ဝေးမြို့နယ် ကုတင်(၁၀၀)ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး နှင့်အထူးကုဆရာဝန်ကြီးများ၊မြို့နယ်သူနာပြုဆရာမကြီးနှင့်ဆရာမများ၊နေပြည်တော်မိခင် နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဌနှင့် အတွင်းရေးမှူးများ၊ ခရိုင်မိခင်နှင့် က လေးစောင့်ရှောက်ရေးမှုကြီးကြပ်ရေးအဖွဲ့မှ ဥက္ကဌနှင့်အတွင်းရေးမှူးများ၊ မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌနှင့် အတွင်းရေးမှူးများ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ လက်ထောက်ဆရာဝန်များ၊ IPPFစီမံ ချက်ဌာန၊ အမှုဆောင်ညွှန်ကြား ရေးမှူးဒေါက်တာမေချမ်းဦး၊ မေတ္တာစမ်းရေဆေးခန်းမှ လက်ထောက်ဆရာဝန်များနှင့် သူနာပြု ဆရာမများ၊ ပြိုင်ပွဲဝင်ကလေးများနှင့် မိခင်အုပ်ထိန်းသူများတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ပြိုင်ပွဲဝင်ကလေးများ၏ အသက်အရွယ်အလိုက် ရှိရမည့် ကိုယ်အလေးချိန်၊ အရပ်အမြင့်၊ တစ်ကိုယ်ရည်သန့်ရှင်းမှု၊ ကျန်းမာရေးအခြေအနေနှင့် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံတိုက်ကျွေးမှုတို့ကိုအခြေခံကြည့်ရှုစစ်ဆေးကာမွေးစမှ သုံးလ၊ သုံးလကျော်မှ ခြောက်လ၊ ခြောက်လကျော်မှ တစ်နှစ်၊ တစ်နှစ်ကျော်မှ တစ်နှစ်ခွဲ၊ တစ်နှစ်ခွဲကျော်မှ နှစ်နှစ်အထိ ပြိုင်ပွဲ များနှင့်သုံးမွှာပူး(၂)တွဲ၊နှစ်မွှာပူး(၄)တွဲစုစုပေါင်းကလေး(၇၂)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။ အခမ်းအနားတွင်မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌပါမောက္ခ ဒေါက် တာစန်းစန်းမြင့်အောင်ကအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ဥက္ကဌနှင့် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်များသည် သားကောင်းမိခင်ဆုနှင့် ပထမ၊ ဒုတိယ၊တတိယနှင့် နှစ်သိမ့် ဆုရရှိသူများကိုဆုများအသီးသီးချီးမြှင့်ခဲ့ပြီး အကဲဖြတ်အမှတ်ပေးကြသည့် ဆရာဝန်ကြီးများနှင့် သူနာပြုဆရာများကြီးများအားဂုတ်ပြုလက်ဆောင်ပစ္စည်းများကိုပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရှိရပါသည်။ ယင်းနောက် မေတ္တာစမ်းရေမူလတန်းကြိုကျောင်းအားကစားပြိုင်ပွဲတွင် အနိုင်ရရှိခဲ့ ကြ သည့် ကလေးများကိုလည်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။