မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နှစ်ပတ်လည်အစည်းအေ၀း ဖွင့်ပွဲအခမ်းအနား။

၂၀၁၈ခုနှစ်၊ မေလ (၉) ရက်၊ (၁၀) ရက် နှင့် (၁၁) ရက်။

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နှစ်ပတ်လည်အစည်းအေ၀း ဖွင့်ပွဲအခမ်းအနား။
၂၀၁၈ခုနှစ်၊ မေလ (၉) ရက်၊ (၁၀) ရက် နှင့် (၁၁) ရက်။
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ နှစ်ပတ်လည်အစည်းအေ၀းကို ၂၀၁၈ခုနှစ်၊ မေလ (၉) ရက်နေ့ နံနက် (၈း၃၀)နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း အစည်းအေ၀းခန်းမ၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာ မြင့်ထွေး၊ လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေး၊ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက်ကြ ပါမောက်ခ ဒေါက်တာစန်းစန်းမြင့်အောင် နှင့်ဗဟိုအလုပ်အမှုဆောင်အဖွဲ့၀င်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ် ဥက်ကြ နှင့် ဒုတိယ ဥက်ကြ၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘ၀မြှင့်တင်ရေးအသင်း ဥက်ကြ၊ ဒုတိယ ဥက်ကနြှင့် အဖွဲ့၀င်များ၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ညှှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညှှန်ကြားရေးမှူးချုပ်များနှင့်နှီးနွယ်သော ၀န်ကြီးဌာနအသီးသီးမှ တာ၀န်ရှိသူများ၊ လူမှုရေး အဖွဲ့အစညး်များမှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှ ဥက်ကမျြား၊ အတွင်းရေးမှူးနှင့်အဖွဲ့၀င်များ၊ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးများနှင့် ဖိတ်ကြားထားသောဧည်သည်တော်များတက်ရောက်ခဲ့ပါသည်။ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နှစ်ပတ်လည်အစည်းအေ၀း ဖွင့်ပွဲ အခမ်းအနား တွင်  ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာ မြင့်ထွေး မှ အဖွင့် မိန့်ခွန်းပြောကြားပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း၀င် များ အသုံးပြုနိုင်ရန်အတွက် Standardized Health Messages စာအုပ်များ ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ပထမနေ့တွင် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက်ကြ ပါမောက်ခ ဒေါက်တာစန်းစန်းမြင့်အောင်က အမှာစကားပြောကြားပြီး အတွင်းရေးမှူး ဒေါက်တာ နွယ်နီအုန်းက ၂၀၁၇ခုနှစ် လုပ်ငန်းအစီရင်ခံစာကို ဖတ်ကြားတင်သွင်း၍ ဘ႑ာရေးမှူး ဒေါက်တာ လဲ့လဲ့ရီက ၂၀၁၇-၂၀၁၈ ခုနှစ် ငွေစာရင်းရှင်းတမ်းနှင့် ၂၀၁၈-၂၀၁၉ ခုနှစ် ရသုံးမှန်းခြေငွေစာရင်းကို ဖတ်ကြားတင်သွင်းခဲ့ပါသည်။ ဆက်လက်၍ သဘာပတိအဖြစ် ဥက်ကြ ပါမောက်ခဒေါက်တာ စန်းစန်း မြင့််အောင်နှင့် တွဲဖက်သဘာပတိအဖြစ် တွဲဖက်အတွင်းရေးမှူး (၂) ဒေါက်တာချစ်ကိုတင် တို့က လည်းကောင်း၊ သဘာပတိအဖြစ် ဒုတိယဥက်ကြ(၁) ပါမောက်ခဒေါက်တာမာလာ၀င်းနှင့် တွဲဖက် သဘာပတိအဖြစ် အတွင်းရေးမှူး  ဒေါက်တာနွယ်နီအုန်းတို့က လည်းကောင်း၊ သဘာပတိအဖြစ် ဒုတိယဥက်ကြ(၂) ဒေါက်တာတင်ညိုညိုလတ်နှင့် တွဲဖက်သဘာပတိအဖြစ် တွဲဖက်အတွင်းရေးမှူး (၁) ဒေါက်တာ ဆွေဆွေထွန်းတို့က လည်းကောင်း၊ သဘာပတိအဖြစ်  ဗဟိုအလုပ်အမှုဆောင်အဖွဲ့၀င် ဒေါက်တာ သန်းသန်းနွယ် နှင့် တွဲဖက်သဘာပတိအဖြစ်  ဗဟိုအလုပ်အမှုဆောင်အဖွဲ့၀င် ဒေါက်တာ နွယ်နွယ်၀င်းတို့က လည်းကောင်း အလှည့်ကျဆောင်ရွက်ပြီး ပြည်နယ်/တိုင်းဒေသကြီးများမှ ၂၀၁၇ ခုနှစ် နှစ်ချုပ် အစီရင်ခံစာများကို အသီးသီး ဖတ်ကြားခဲ့ကြပါသည်။
ထို့နောက် ဒုတိယနေ့တွင် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ ညှှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်က သဘာပတိအဖြစ်ဆောင်ရွက်ပြီး တွဲဖက်သဘာပတိ အဖြစ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၀င် ဒေါက်တာစိုးမြင့် တို့ကလည်းကောင်း၊ သဘာပတိအဖြစ်  ဗဟိုအလုပ်အမှုဆောင်အဖွဲ့၀င် ဒေါက်တာကျော်မင်းနှင့် တွဲဖက်သဘာပတိအဖြစ် ဆေးသုတေသန ဦးစီးဌာနမှ ဒုတိယညှှန်ကြားရေးမှူးချုပ် ဒေါက်တာ လှိုင်မြတ်သူ တို့ကလည်းကောင်း၊  သဘာပတိ အဖြစ်  တွဲဖက်အတွင်းရေးမှူး (၂) ဒေါက်တာချစ်ကိုတင်နှင့် တွဲဖက်သဘာပတိအဖြစ် ဆေးသုတေ သနဦးစီးဌာနမှ ညှှန်ကြားရေးမှူး ဒေါက်တာ ခင်သကေ်၀ တို့ကလည်းကောင်း၊  အလှည့်ကျ ဆောင်ရွက်ခဲ့ကြပြီး တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးများမှ ၂၀၁၇ ခုနှစ် သုတေသနစာတမ်းများကိုလည်းကောင်း အသီးသီး ဖတ်ကြားခဲ့ကြပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၏ (၂၈)ကြိမ်မြောက် နှစ်ပတ်လည် အစည်းအေ၀း ဂုဏ်ပြုညစာစားပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၁၈ခုနှစ်၊ မေလ (၁၀) ရက်နေ့ ည (၇း၀၀) နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံမိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း အစည်းအေ၀း ခန်းမတွင် ကျင်းပခဲ့ပါသည်။ ဂုဏ်ပြုညစာစားပွဲတွင် အသင်းဥက်ကြ ပါမောက်ခ ဒေါက်တာ စန်းစန်း မြင့်အောင်က ကျေးဇူးတင် စကားပြောကြားပြီး မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း အတွင်းရေးမှူး ဒေါက်တာနွယ်နီအုန်းက ဆုရရှိသည့်စာရင်းကို ကြေငြာခဲ့ပါသည်။ အသင်း ဥက်ကြ၊ ဒုတိယဥက်ကမျြား၊ အတွင်းရေးမှူးများနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့၀င်များမှ လှုပ်ရှားမှု ထူးခၽွန်ဆု များ ရရှိသော တိုင်းဒေသကြီး/ပြည်နယ်များသို့ ဂုဏ်ပြုလက်ဆောင်များ အသီးသီး ပေးအပ်ခဲ့ကြ ပါသည်။
တတိယနေ့တွင် အသင်းဥက်ကြ ပါမောက်ခ ဒေါက်တာ စန်းစန်းမြင့်အောင် က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အစည်းအေ၀းဆုံးဖြတ်ချက်များ နှင့် ရှေ့လုပ်ငန်းစဉျများကို ချမှတ်နိုင်ရန် ဆွေးနွေးခြင်း၊ အစည်းအေ၀းဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉျများအား အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။ အသင်းဥက်ကြ၊ ဒုတိယဥက်ကမျြား၊ အတွင်းရေးမှူးများနှင့် ဗဟိုအလုပ်အမှုဆောင်များက တိုင်းဒေသကြီးနှင့်ပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များသို့ မိခင် နှင့်ကလေး စောင့်ရှောက်ရေးလုပ်ငန်းများ အရှိန်အဟုန်မြင့်တင်နိုင်ရန်၊ အန်တရာယ်ရှိသော ကိုယ်၀န် ဆောင်များ အရေးပေါ်ညှှန်းပို့နိုင်ရန်၊ ပျိုရွယ်သူမျိုးဆက်ပွားကျန်းမာရေးဆောင်ရွက်နိုင်ရန် ဗဟိုမှ ထောက်ပံ့ငွေ စုစုပေါင်းငွေကျပ် ( ၈၃၅ )သိန်းကို ပေးအပ်ခဲ့ပြီး အသင်းဥက်ကြ ပါမောက်ခ ဒေါက်တာ စန်းစန်း မြင့်အောင် က နိဂုံးချုပ် အမှာစကား ပြောကြားပြီး နှစ်ပတ်လည် အစည်းအေ၀းကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။