အန္တရာယ်ရှိသောသားပျက်သားလျှောခြင်းမှကာကွယ်ခြင်းဆိုင်ရာစေတနာ့ဝန်ထမ်းသင်တန်း

အန္တရာယ်ရှိသောသားပျက်သားလျှောခြင်းမှကာကွယ်ခြင်းဆိုင်ရာစေတနာ့ဝန်ထမ်းသင်တန်း
၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်
          မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နှင့် နိုင်ငံတကာမိသားစုစီမံကိန်း (IPPF) တို့ ပူးပေါင်းဆောင်ရွက်သည့် “အန္တရာယ်ရှိသောသားပျက်သားလျှောခြင်းမှ ကာကွယ်ခြင်းဆိုင်ရာစေတနာ့ဝန်ထမ်းသင်တန်း” ဖွင့်ပွဲအခမ်းအနား ကို ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့တွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး(ဗဟို) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
          အခမ်းအနားကို မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင် မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့် မျိုးဆက်ပွား ကျန်းမာရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနှင်းနှင်းလွင် မှ သားပျက်သားလျှော နှင့်ပတ်သတ်၍ အသိပေးဆွေးနွေးခဲ့ပါသည်။
          အဆိုပါ သင်တန်းကို နေပြည်တော်ကောင်စီနယ်မြေ (လယ်ဝေးမြို့နယ် နှင့် တပ်ကုန်းမြို့နယ်)၊ ချင်းပြည်နယ် (မင်းတပ်မြို့နယ် နှင့် ထန်တလန်မြို့နယ်) နှင့် မွန်ပြည်နယ်(သထုံမြို့နယ် နှင့် ပေါင်မြို့နယ်) များမှ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင် စေတနာ့ဝန်ထမ်း သင်တန်းသား၊သင်တန်းသူ စုစုပေါင်း (၆၀) ဦး တက်ရောက်ခဲ့ကြပါသည်။