''ရှေးဦးကလေးသူငယ်ပြုစုစောင့်ရှောက် ရေးနှင့်ဖွံ့ဖြိုးရေး ဆိုင်ရာဝန်ဆောင်မှုပေးသူများအတွက်သင်တန်း'' အမှတ်စဉ်(၂/၂ဝ၁၅) သင်တန်းဆင်းပွဲ အခမ်းအနား

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှဖွင့်လှစ်သော ''ရှေးဦးကလေးသူငယ်ပြုစုစောင့်ရှောက် ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ဝန်ဆောင်မှုပေးသူများအတွက်သင်တန်း'' အမှတ်စဉ်(၂/၂ဝ၁၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂ဝ၁၅ခုနှစ် ဇူလိုင်လ(၁ဝ)ရက်နေ့နံနက်(၉းဝဝ)နာရီတွင် နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်၊ သုခုမလမ်းရှိ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက် မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာနနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ သင်တန်းဆရာ/ဆရာမများ ဖိတ်ကြားထားသောဧည့်သည်တော်များ နှင့်သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။ 
ထို့နောက်  မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်သဇင်နွယ်မှ သင်တန်း ဆင်းအမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မွေးကင်းစမှ  (၃)နှစ် အရွယ်ကလေးပြုစုသူ သင်တန်းနှင့်(၃)နှစ်မှ(၅)နှစ်အရွယ်မူကြိုဆရာမသင်တန်းတွင် ဆုရရှိသောသင်တန်းသူများကို မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ မှလည်းကောင်း၊ သင်တန်းဆင်းလက်မှတ်များကို ဒုတိယဥက္ကဋ္ဌများမှ လည်းကောင်း အသီးသီးပေးအပ်ခဲ့ကြပါသည်။ ထို့နောက် သင်တန်းသူများမှကျေးဇူးတင် စကားပြောကြား ခဲ့ပါသည်။
အဆိုပါသင်တန်းကို (၁၅-၆-၂ဝ၁၅)ရက်နေ့မှ(၁ဝ-၇-၂ဝ၁၅) ရက်နေ့အထိရက်ပေါင်း(၂ဝ)ကြာ ဖွင့်လှစ်ပို့ချပြီးသင်တန်းသူ စုစုပေါင်း (၉၃)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။