မြန်မာနိုင်ငံမိခင်နှင့်ကလေးစောငရှောက်ရေးအသင်း မေတ္တာစမ်းရေဆေးခန်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အလှူငွေပေးအပ်ပွဲအခမ်းအနား

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မေတ္တာစမ်းရေဆေးခန်းသို့ ၂၀၁၅ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင်    ဆောက်လုပ်ရေးဝန်ကြီးဌာန၊  မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နာယက ဒေါ်မူမူဆွေ နှင့် ဒေါ်အေးအေးချစ်၊ ၀န်ကြီးဌာနမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များမှလာရောက်ပြီး ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုလာရောက်ခံယူသော  ကိုယ်ဝန်ဆောင်(၈၁)ဦး  အတွက် အာဟာရထုပ်များ၊ လုံချည်(၁၀၀)နှင့် ဆေးခန်းသို့ အလှူငွေ (၇)သိန်း(၅)သောင်းကျပ်တိတိကိုပေးအပ်လှူဒါန်းရာ     မေတ္တာစမ်းရေဆေးခန်းတာဝန်ခံဆရာဝန်ကြီး ဒေါက်တာစမ်းစမ်းလှိုင်နှင့်အဖွဲ့မှ  လက်ခံရယူခဲ့ကြောင်း သတင်းရရှိပါသည်။