မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်နေပြည်တော်ကောင်စီကျန်းမာရေး ဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်သောပြည်သူလူထုအခြေပြု ရွေ့လျားကျန်းမာရေးဆေးခန်းဆောင်ရွက်ခြင်း

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသည်၂၀၁၀ခုနှစ်မှစ၍နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ကျေးရွာများသို့ကွင်းဆင်းကာ ပြည်သူလူထုအခြေပြု ရွေ့လျားကျန်းမာရေးဆေးခန်းကို ဖွင့်လှစ်၍ ကျန်းမာရေးပညာပေးဟောပြောခြင်း၊ ကိုယ်ဝန်ဆောင်နှင့် သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပံ့ပိုးပစ်စည်းများလှူဒါန်းခြင်း၊ မျက်စိနှင့်သွားကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကိုတစ်လတစ်ကြိမ် ပုံမှန်ဆောင်ရွက်လျက်ရှိပါသည်။
     မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူးနှင့်ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ကုတင်(၁၀၀၀)နေပြည်တော် ပြည်သူ့ဆေးရုံကြီးမှ သွားဘက်ဆိုင်ရာအထူးကုဆရာဝန်ကြီးအဖွဲ့၊ပျဉျးမနား ကုတင်(၂၀၀)ဆေးရုံမှမျက်စိအထူးကုဆရာဝန်ကြီးအဖွဲ့၊ ဥတ္တရသီရိခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့ ဥက္ကဌ၊တပ်ကုန်းမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ၊အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ တပ်ကုန်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့်ဆရာ/ဆရာမများ၊မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မေတ္တာစမ်းရေဆေးခန်းမှတာဝန်ခံဆရာဝန်ကြီးနှင့်ဆရာဝန်များသည် ၂၀၁၅ခုနှစ်၊မေလ(၂၄)ရက်နေ့တွင် နေပြည်တော်၊တပ်ကုန်းမြို့နယ်၊ရှားတောကျေးရွာတွင် ရွေ့လျားကျန်းမာရေးဆေးခန်းကို ဆောင်ရွက်ခဲ့ပါသည်။
    ရှေးဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူးဒေါ်တင်တင်ဝင်းမှအဖွင့်အမှာစကားပြောကြားပြီး  မေတ္တာစမ်းရေဆေးခန်းတာဝန်ခံဆရာဝန်ကြီး ဒေါက်တာစမ်းစမ်းလှိုင်မှ ရွေ့လျားကျန်းမာရေးဆေးခန်း ဖွင့်လှစ်ရခြင်းအကြောင်းနှင့်သားဆက်ခြားခြင်း အကြောင်းကိုလည်းကောင်း''၊ဒေါက်တာမျိုးမင်းဦးမှ ''ကိုယ်ဝန်ဆောင်စနစ်တကျစောင့်ရှောက်မှုခံယူရန် အရေးပါမှု၊ကျွမ်းကျင်သူများဖြင့်မွေးဖွားရန် အကြောင်း'' ကိုလည်းကောင်း၊  ဒီနှစ်အတွက်(၇)ချက်စီမံချက်မန်နေဂျာဒေါက်တာသက်နိုင်ဦးမှ ''ဒီနှစ်အတွက်(၇)ချက်စီမံချက်အကြောင်းနှင့် သွေးလွန်တုပ်ကွေးရောဂါအကြောင်း"များကိုရှင်းလင်း၍ ကျန်းမာရေး အသိပညာပေး ဟောပြောခဲ့ပါသည်။
    ထို့နောက်  အဘိုးအဘွားများကိုအားဆေးနှင့်အာဟာရများကိုလည်းကောင်း၊ကိုယ်ဝန်ဆောင်မိခင်များကို တစ်ခါသုံးမွေးအိတ်၊အိုင်အိုဒင်းဆားနှင့်ဆပ်ပြာများကိုလည်းကောင်းထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ကိုယ်ဝန်ဆောင်စောင့် ရှောက်မှုပေးခြင်း(၄၈)ဦး၊သက်ကြီးရွယ်အိုဘိုးဘွားများကို ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပေးခြင်း(၆၁)ဦး၊ မျက်စိလူနာများကို ကြည့်ရှုစစ်ဆေးပေးခြင်း(၁၀၉)ဦး၊သွားနှင့်ခံတွင်းလူနာများကို ကုသမှုပေးခြင်း(၂၂)ဦး နှင့်အထွေထွေလူနာများကို ကြည့်ရှုစစ်ဆေးပေးခြင်း(၂၄၈)ဦး စုစုပေါင်းလူနာဦးရေ (၄၈၈)ဦးတို့အား ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ခဲ့ပြီး ညှန်းပို့ရန်လိုအပ်သောလူနာများကို နီးစပ်ရာကျန်းမာရေးဌာနသို့ ညှန်းပို့ခြင်းနှင့်ချိုတဲ့ လူနာများ ကိုထောက်ပံ့ခြင်းများကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။