မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်သော ပြည်သူလူထုအခြေပြုရွေ့လျားကျန်းမာရေးဆေးခန်းဆောင်ရွက်ခြင်းနှင့် ပျိုရွယ်သူကျန်းမာရေး အသိပညာပေးဟောပြောခြင်း

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသည် ၂၀၁ဝခုနှစ်မှစ၍နေပြည်တော်ကောင်စီနယ် မြေအတွင်းရှိ ကျေးရွာများသို့ကွင်းဆင်းကာ ပြည်သူလူထုအခြေပြုရွေလျော့းကျန်းမာရေး ဆေးခန်းကိုဖွင့်လှစ်၍ ကျန်းမာရေးပညာပေးဟောပြောခြင်း၊ ကိုယ်ဝန်ဆောင်နှင့်သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပံ့ပိုးပစ္စည်းများလှူဒါန်းခြင်း၊ မျက်စိနှင့်သွားကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို တစ်လတစ်ကြိမ် ပုံမှန် ဆောင်ရွက်လျက်ရှိပါ သည်။

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှဥက္ကဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ သည် နေပြည်တော်ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီးမှ သွားဘက်ဆိုင်ရာအထူးကုဆရာဝန်ကြီးအဖွဲ့၊ပျဉ်းမ နားကုတင်(၂၀၀)ပြည်သူ့ဆေးရုံကြီးမှမျက်စိအထူးကုဆရာဝန်ကြီးအဖွဲ့၊ ဥတ္တရသီရိခရိုင်မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဥတ္တရသီရိခရိုင်နှင့်         မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး

အသင်းဥက္ကဌ၊အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ဥတ္တရသီရိမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့်အထူးကုဆရာဝန် ကြီးများ၊ဆရာ/ဆရာမများ၊မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမေတ္တာစမ်းရေဆေးခန်းမှတာဝန်ခံဆရာဝန်ကြီးနှင့်ဆရာဝန်များလိုက်ပါလျက်၂၀၁၅ခုနှစ်၊ စက်တင်ဘာလ(၂၇)ရက်နေ့တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဝက်စုကျေးရွာတွင်ရွေ့လျားကျန်းမာရေး ဆေးခန်းကိုဆောင်ရွက်ခဲ့ ပါသည်။

ပထမဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌဒေါ်သဇင်နွယ်မှ အမှာစကား

ပြောကြာပြီး အဘိုးအဘွားများကိုအားဆေးနှင့် အာဟာရများကိုလည်းကောင်း၊  ကိုယ်ဝန်ဆောင်မိခင်များကို  တစ်ခါသုံးမွေးအိတ်၊ အနှီးပိတ်၊ အိုင်အိုဒင်းဆားနှင့် ဆပ်ပြာများကိုလည်းကောင်း၊ ကျေးရွာစာကြည့်တိုက် အတွက် မေတ္တာစမ်းရေမဂ္ဂဇင်းများကိုလည်းကောင်းလှူဒါန်းခဲ့ပါသည်။

ဥက္ကဌနှင့်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ကျန်းမာရေးဝန်ကြီးဌာန၊ပြည်သူကျန်းမာရေးဦးစီးဌာန (ကျန်းမာပညာဌာန)မှလက်ထောက်ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက ပျိုရွယ်သူကျန်းမာရေး အသိပညာ ပေးဆွေးနွေးခြင်းများနှင့်လူကုန်ကူးခြင်းဆိုင်ရာသိကောင်းစရာများကို လည်းဟောပြောခဲ့ပါသည်။

ဝက်စုကျေးရွာ၌ မေတ္တာစမ်းရေဆေးခန်းတာဝန်ခံဆရာဝန်ကြီး ဒေါက်တာစမ်းစမ်းလှိုင် နှင့်အဖွဲ့မှ“ရွေ့လျားကျန်းမာရေးဆေးခန်းဖွင့်လှစ်ရခြင်းနှင့် ကိုယ်ဝန်ဆောင်စနစ်တကျစောင့်ရှောက် မှုခံယူရန်အရေးပါမှု၊ကျွမ်းကျင်သူများဖြင့်မွေးဖွားရန်”အကြောင်းကိုလည်းကောင်း ရှင်းလင်း၍  ကျန်းမာရေး အသိပညာပေးဟောပြောခဲ့ပါသည်။ ကိုယ်ဝန်ဆောင်(၁၅)ဦး၊ သက်ကြီးဘိုးဘွား(၇၄)ဦး၊ မျက်စိလူနာ (၅၆)ဦး၊သွားနှင့်ခံတွင်းလူနာ(၁၉)ဦးနှင့်အထွေထွေလူနာ(၁၅၃)ဦးကိုကြည့်ရှု့ စစ်ဆေးကုသပေးခဲ့ပြီးညွှန်း ပို့ရန် လိုအပ်သောလူနာများကို နီးစပ်ရာကျန်းမာရေးဌာနသို့ ညွှန်းပို့ခြင်းနှင့်ချို့တဲ့ လူနာများကို ထောက်ပံ့ခြင်းများကိုလည်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။