မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ကျန်းမာရေးဦးစီးဌာနနှင့် IPPF Project အဖွဲ့တို့ပူပေါင်း၍ အန္တရာယ်ရှိသော သားပျက်သားလျောခြင်းမှ ကာကွယ်ကုသခြင်းဆိုင်ရာ ဗဟိုအဆင့်အသိပညာပေး ဆွေးနွေးခြင်းနှင့်စေတနာ့ဝန်ထမ်းသင်တန်း (MYA/12/A3)ဖွင့်ပွဲအခမ်းအနား

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ကျန်းမာရေးဦးစီးဌာနနှင့် IPPF Project အဖွဲ့တို့ပူးပေါင်း၍ အန္တရာယ်ရှိသောသားပျက်သားလျှောခြင်းမှကာကွယ်ကုသခြင်းဆိုင်ရာ ဗဟိုအဆင့်အသိပညာပေးဆွေးနွေးခြင်းနှင့် စေတနာ့ဝန်ထမ်းသင်တန်း

(MYA/12/A3);Prevention of Unsafe Abortion ဖွင့်ပွဲအခမ်းအနားကို

၂၀၁၅ ခုနှစ်၊ မေလ(၂၅)ရက်၊ နံနက်(၉း၃၀)နာရီတွင် နေပြည်တော်၊ ဒက္ခိဏသီရီမြို့နယ်၊ သုခုမလမ်းရှိ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဒုတိယဥက္ကဌ၊အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ဖိတ်ကြားထားသောဧည့်သည်တော်များ၊

ရန်ကုန်တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှအဖွဲ့ဝင်များနှင့် ကြည့်မြင်တိုင်၊လှိုင်သာယာ၊ အင်းစိန်၊မှော်ဘီ၊မရမ်းကုန်းမြို့နယ်တို့မှ တစ်မြို့နယ်လျှင် သင်တန်းသား(၅)ဦး စုစုပေါင်း(၂၅)ဦး တက်ရောက်ကြပါသည်။
ပထမဦးစွာ ဒုတိယဥက္ကဌဒေါ်မူမူဆွေမှ အဖွင့်အမှာစကားပြောကြားပြီး၊အတွင်းရေးမှူး ဒေါ်တင်တင်ဝင်းမှ ''အသင်းပိုင်သားဖွားခန်းများနှင့်မျိုးဆက်ပွားကျန်းမာရေးမြှင့်တင်မှုအကြောင်း'' ၊ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးဒေါက်တာသိဂီမြင့် မှ

''သားပျက်/သားလျောခြင်းနှင့်မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ''  အသိပညာပေးဆွေးနွေးခြင်းအကြောင်း၊

IPPF Project မှ အမှုဆောင်ညွှန်ကြားရေးမှူးဒေါက်တာကိုကိုမော်မှ ''မိခင်နှင့်ကလေးအသင်းနှင့် IPPF ဌာနတို့ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအကြောင်း'

' အသိပေးဆွေးနွေးခြင်းများကို ပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းကို (၂၅-၅-၂ဝ၁၅) ရက်နေ့မှ(၂၈-၅-၂ဝ၁၅)ရက်နေ့အထိ (၄)ရက်ကြာ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိခဲ့ပါသည်။