မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ကျန်းမာရေးဦးစီးဌာနနှင့်IPPF Project အဖွဲ့ တို့ပူးပေါင်း၍ အန္တရာယ်ရှိသော သားပျက်သားလျောခြင်းမှ ကာကွယ်ကုသခြင်းဆိုင်ရာ ဗဟိုအဆင့် အသိပညာပေးဆွေးနွေးခြင်းနှင့်စေတနာ့ဝန်ထမ်းသင်တန်း (MYA/13/A3); Prevention and Treatm

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ကျန်းမာရေးဦးစီးဌာနနှင့်IPPF Project အဖွဲ့ တို့ပူးပေါင်း၍ အန္တရာယ်ရှိသော သားပျက်သားလျောခြင်းမှ ကာကွယ်ကုသခြင်းဆိုင်ရာ ဗဟိုအဆင့် အသိပညာပေးဆွေးနွေးခြင်းနှင့်စေတနာ့ဝန်ထမ်းသင်တန်း (MYA/13/A3); Prevention and Treatment of Unsafe Abortion ဖွင့်ပွဲအခမ်းအနားကို ၂၀၁၅ခုနှစ် အောက်တိုဘာလ(၆)ရက် နံနက်(၉:၃၀)နာရီတွင် နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်၊သုခုမလမ်းရှိ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
    အခမ်းအနားတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌနှင့်ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်များ၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ရန်ကုန်တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှအဖွဲ့ဝင်များ၊   ရန်ကုန်အရှေ့ပိုင်းခရိုင်နှင့်တောင်ပိုင်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ ဒလ၊ သန်လျင် နှင့်သင်္ဃန်းကျွန်းမြို့နယ်တို့မှ တစ်မြို့နယ်လျင် သင်တန်းသား(၁၀)ဦး စုစုပေါင်း (၃၀)ဦးတက်ရောက် ခဲ့ကြပြီး  ဥက္ကဌ ဒေါ်သဇင်နွယ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
    ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသိဂီမြင့် (မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေးဌာနခွဲ) မှ“သားပျက်/သားလျောခြင်းနှင့်မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ  အသိပညာပေးဆွေးနွေးခြင်း”အကြောင်းကို လည်းကောင်း၊ အသင်းအတွင်းရေးမှူးဒေါ်တင်တင်ဝင်းမှ “မျိုးဆက်ပွားကျန်းမာရေးမြှင်တင်မှုနှင့်အသင်းပိုင်သားဖွားခန်းများ၏၀န်ဆောင်မှုများ အကြောင်း” ကိုလည်းကောင်း ၊IPPF Project ED ဒေါက်တာကိုကိုမော်မှ  မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းနှင့်IPPFဌာနတို့ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းပြောကြား ခဲ့ပါသည်။ အဆိုပါသင်တန်းကို (၆-၁၀-၂၀၁၅)ရက်နေ့မှ(၉-၁၀-၂၀၁၅)ရက်နေ့အထိ (၄)ရက်ကြာ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း  သတင်းရရှိခဲ့ပါသည်။