မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ဥက္ကဌဒေါ်သဇင်နွယ်နှင့်အဖွဲ့ဝင်များ စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးမြို့သို့ သွားရောက်ပြီး “မျိုးဆက်ပွားကျန်းမာရေးဝန်ဆောင်မှုများအတွက် စေတနာ့ဝန်ထမ်း သင်တန်း” ဖွင့်လှစ်ခြင်း၊

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသည်အပြည်ပြည်ဆိုင်ရာမိသားစုစီမံကိန်းအဖွဲ့(IPPF-ESEAOR)နှင့်ပူးပေါင်း၍ ပြန်လည်ထူထောင်ရေးကာလအတွင်းမျိုးဆက်ပွားကျန်းမာရေး ၀န်ဆောင်မှုများအတွက်စေတနာ့ဝန်ထမ်းသင်တန်းကို (၁၂-၉-၂၀၁၅)ရက်နေ့ နံနက် (၉:၀၀)နာရီ တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးမြို့၊မြို့တော်ခန်းမတွင် ဖွင့်လှစ်ပေးခဲ့ပါသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ၊ တွဲဖက်အတွင်း ရေးမှူး(၂)၊IPPF Project မှတာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ ၊သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး အသင်းဥက္ကဌ ဒေါ်သဇင်နွယ်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍  IPPF Project မှ အမှုဆောင်ညွန်ကြားရေးမှူးဒေါက်တာကိုကိုမော်မှ IPPF မှ  ပြုလုပ်လျက်ရှိသည့်  SPRINT Project အကြောင်းကိုလည်းကောင်း၊National Focal Person ဒေါက်တာခင်ဦးဇင်က IPPF-ESEAOR နှင့်ပူးပေါင်းလုပ်ဆောင်နေသောလုပ်ငန်းများအကြောင်းကိုလည်းကောင် ရှင်းလင်းပြော ကြားခဲ့ပြီးသင်တန်းကို ဆက်လက်ပို့ချခဲ့ပါသည်။ ဖော်ပြပါသင်တန်းတွင် လိင်မှုဆိုင်ရာအကြမ်းဖက်မှု ကာကွယ်ခြင်းနှင့်ပြုစုကုသပေးခြင်း၊HIVနှင့် လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါများကာကွယ်ခြင်း၊မိခင်နှင့်မွေးစကလေးသေဆုံးမှု၊နာမကျန်းဖြစ်မှုများလျော့ကျအောင်ပညာပေးခြင်းနှင့်ဝန်ဆောင်မှုပေးခြင်းစသည့် ဘာသာရပ်များပါဝင်ပြီး အရေးပေါ်အခြေအနေတွင် ၀န်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်ပြီး သင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ဆက်လက်၍ ဥက္ကဌနှင့်အဖွဲ့ဝင်များသည် ကလေးမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းရုံးသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်းသတင်းရရှိပါသည်။