မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ ၂၀၁၅ခုနစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို  (၆-၈-၂၀၁၅)ရက်နေ့ နံနက်(၈:၀၀)နာရီတွင် နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်၊ သုခုမ လမ်းရှိ  မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းရုံးဝန်း၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ဂုဏ်ထူးဆောင်နာယကများဖြစ်ကြသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ဇနီးဒေါ်ခင်ခင်ဝင်း နှင့် ဒုတိယသမ္မတ  ဒေါက်တာစိုင်းမောက်ခမ်း၏ ဇနီးဒေါ်နန်းရွှေမှုန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန  ဒုတိယ၀န်ကြီး ဒေါက်တာသက်သက်ဇင်၊   မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း နာယကများ၊ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ ၊မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်မှနာယကများ၊ ဥက္ကဌနှင့်အဖွဲ့ဝင်များ ၊မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေး သူငယ်များဘ၀မြှင့်တင်ရေးဥက္ကဌနှင့် အဖွဲ့ဝင်များ၊ နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ၀န်ကြီးဌာနများ၏ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနာယကများ ၊နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဌ၊ အတွင်းရေးမှူး နင့် အဖွဲ့ဝင်များ၊နေပြည်တ်ာကောင်စီနယ်မြေအတွင်းရှိ   မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌများနှင့်အခြားဖိတ် ကြား ထားသူများ   စုစုပေါင်း (၈၀)ဦး တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ဂုဏ်ထူးဆောင်နာယကများနှင့်တက်ရောက်လာသူများမှ သတ်မှတ်နေရာများတွင် ဂန့်ဂေါ် ပင်များကိုစိုက်ပျိုးခဲ့ကြပါသည်။  ဆက်လက်၍ ၀န်ထမ်းများစုပေါင်း၍   သစ်ပင်ပျိုးပင်များ စိုက်ပျိုး ခဲ့ကြရာ ဂုဏ်ထူးဆောင်နာယကများအဖွဲ့မှ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပါသည်။
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ ၂၀၁၅ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ တွင် ဂန့်ဂေါ်(၅၃)ပျဉ်းမ (၃၀)၊ငုဝါ(၅၀)၊စိန်ပန်း(၂၀)၊ ခရေ(၅၀)၊သရက် (၂၀)၊မယ်ဇလီ(၅၀)၊ ပုန်းညှက်(၂၀)၊ မဟော်ဂနီ(၃၀)  စသည့်အရိပ်ရလေကာပင်နှင့်သီးပင်စားပင်၊ပန်းအလှပင် စုစုပေါင်း(၃၂၃)ပင် ကို စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိပါသည်။