မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၌ကျင်းပပြုလုပ်သော '' ပျိုရွယ်သူကျန်းမာရေးအသိပညာမြှင့်တင်ရေးသင်တန်း''ဖွင့်ပွဲအခမ်းအနား

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်ကျန်းမာရေးဝန်ကြီးဌာန(ကျန်းမာပညာဌာန)တို့ပူးပေါင်း၍ ''ပျိုရွယ်သူကျန်းမာရေး အသိပညာမြှင့်တင်ရေးသင်တန်း'' ဖွင့်ပွဲ အခမ်းအနားကို ၂ဝ၁၅ခုနှစ်ဇူလိုင်လ(၁၁) ရက်နံနက်(၈းဝဝ)နာရီတွင်နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်၊သုခုမလမ်းရှိ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ကျန်းမာပညာဌာနမှတာဝန်ရှိသူများ၊နေပြည်တော်ကောင်စီ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ဥက္ကဋ္ဌများ၊နေပြည်တော်ကောင်စီနယ်မြေရှိ မြို့နယ်(၈)ခုမှ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊အသက်(၂၄)နှစ်အောက် လူငယ်သင်တန်းသား တစ်မြို့နယ်လျှင်ကျား(၂)ဦး၊မ(၂)ဦး စုစုပေါင်း(၃၂)ဦးနှင့်မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကျား(၂)ဦး၊မ(၁)ဦးနှင့် စုစုပေါင်း(၃၅)ဦး တက်ရောက်ခဲ့ကြပါသည်။ 
ပထမဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်သဇင်နွယ်မှ အဖွင့်အမှာစကားပြောကြားပြီး ''ပျိုရွယ်သူကျန်းမာရေးအသိပညာလုပ်ငန်းစဉ်များ အကြောင်း''  ကိုအသိပညာပေးပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းကို (၁၁-၇-၂ဝ၁၅)ရက်နေ့မှ(၁၂-၇-၂ဝ၁၅) ရက်နေ့အထိ(၂)ရက်ကြာသင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိခဲ့ပါသည်။