Economic

စီးပွားရေးဆိုင်ရာစောင့်ရှောက်မှုလုပ်ငန်းဆောင်ရွက်ချက်များ​

 

(၁)  အသက်မွေးဝမ်းကျောင်းပညာသင်တန်းများဖွင့်လှစ်ခြင်း

(၂)  အသေးစားချေးငွေလုပ်ငန်းဆောင်ရွက်ခြင်း

(၃)  အိမ်ထောင်စုအလိုက် စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများတွင် ဆောင်ရွက်နိုင်ရန် ထောက်ပံ့ကူညီခြင်း

(၄)  အိမ်တွင်းအသေးစားလက်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရန်ထောက်ပံ့ကူညီပေးခြင်း

 

အသက်မွေးဝမ်းကျောင်းပညာသင်တန်းများဖွင့်လှစ်ခြင်း

  • အခြေခံနှင့် အဆင့်မြင့်စက်ချုပ်သင်တန်း၊

  • အခြေခံသိုးမွှေးစက်ထိုးသင်တန်း၊

  • မုန့်ဖုတ်နှင့် မုန့်လုပ်သင်တန်းများ၊

  • သစ်သီးအလှပုံဖော်သင်တန်းနှင့် ပန်းအလှပြင်သင်တန်း နှင့်

  • ဒေသအလိုက်သင့်လျော်သောဇာပန်းထိုး၊ ခြင်းယက်နှင့် ယက္ကန်းစသည့် သင်တန်းများကို ဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။

 

အသေးစားချေးငွေလုပ်ငန်းဆောင်ရွက်ခြင်း

၂ဝ၁၄ခုနှစ်အတွက် အမျိုးသမီးပေါင်း( ၉၈ဝ၉ )ဦးကို ရင်းနှီးမတည်ငွေ ထုတ်ပေးနိုင်ခဲ့ပြီး စုစုပေါင်း ထုတ်ချေးငွေ ကျပ်( ၃၆၂၅) သိန်းကျော် ဖြစ်ပါသည်။

 

၂ဝ၁၄ခုနှစ်အတွင်းအိမ်ထောင်စုအလိုက် စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများတွင် ဆောင်ရွက်နိုင်ရန် ထောက်ပံ့ကူညီခြင်း​

 

ဦးရေ​

ထောက်ပံ့ငွေ​

စိုက်ပျိုးရေး​

၂၂၇၁

၈၉၁ သိန်းကျော်

မွေးမြူရေး

၂ဝ၆၇

၈ဝ၉ သိန်းကျော်

အိမ်တွင်းအသေးစား လက်မှုလုပ်ငန်း

၂၅၂၉

၉၃၂ သိန်းကျော်

အခြား

၂၉၄၂

၉၉၂ သိန်းကျော်

 

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဗဟိုမှ­နေပြည်တော်ရှိ­မြို့နယ်­၆ခုသို့­ အပ်ချုပ်စက်များ­ထောက်ပံ့စဉ်