Health

ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုလုပ်ငန်းများ

 

ပြည်သူလူထုအခြေပြုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်း

၁-၁။ ကျန်မာရေးပညာပေးခြင်းလုပ်ငန်း

(က) ကျေးလက်ဒေသရောက်ရှိအောင် ကျန်းမာရေး ပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း။

(ခ) ကျန်းမာရေးပညာပေးခြင်းနှင့်စပ်လျဉ်း၍ နည်းပြသင်တန်းများ၊ဆင့်ပွားသင်တန်းများပို့ချခြင်း။

၁-၂။ မိခင်သေနှုန်းကျဆင်းရေး၊ ကလေးသေနှုန်းကျဆင်းရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် သားဖွားခန်းများနှင့် မိခင်ရင်သွေးကျန်းမာရေးရိပ်မြုံများဖွင့်လှစ်ခြင်း။

၁-၃။ မျိုးဆက်ပွား ကျန်မာရေးအား ပြည်သူများမှ လက်လှမ်းမီရရှိစေရန် မျိုးဆက်ပွားကျန်းမာရေးလုပ်ငန်းများအားဆောင်ရွက်ခြင်း။

၁-၄။ ကူးစက်ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းများ

(က) အိပ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းဆောင်ရွက်ခြင်း။

(ခ) ငှက်ဖျားရောဂါ တိုက်ဖျက်ရေးလုပ်ငန်များတွင် ကူညီဆောင်ရွက်ခြင်း။

(ဂ) တီဘီရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ခြင်း။

(ဃ) ပတ်ဝန်းကျင်ကျန်းမာရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ခြင်း။

(င) ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ခြင်း။

၁-၅။ (၅)နှစ်အောက် ကလေးများ၏အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခြင်း။

၁-၆။ အမျိုးသမီးများနှင့်သက်ဆိုင်သော ကင်ဆာရောဂါများအပါအဝင် အခြားရောဂါများ၊ ရှာဖွေရေးနှင့် ဆောလျင်စွာ ကုသနိုင်ရန် လက်လှမ်းမီသော ကျန်းမာရေးဌာနသို့ လွှဲပြောင်းပေးရေးဆောင်ရွက်ခြင်း။

၁-၇။ မွေးရာပါ ချို့ယွင်းချက်ရှိလူနာများအား ခွဲစိတ်ကုသရာတွင် ကူညီပေး သော လုပ်ငန်းများဆောင်ရွက်ခြင်း။(နှုတ်ခမ်းကွဲ၊အာခေါင်ကွဲ)

၁-၈။ အမျိုးသမီးများတိုင်းရင်းဆေးပညာ ဗဟုသုတိုးမြှင့်ရေးနှင့် လက်တွေ့ကျင့်သုံးနိုင်ရေးအတွက် ဆောင်ရွက်ခြင်း။