ကျားမအခြေပြုအကြမ်းဖက်မှု ကာကွယ်စောင့်ရှောက်ရေး မြို့နယ်အဆင့်သင်တန်း

ကျားမအခြေပြုအကြမ်းဖက်မှု ကာကွယ်စောင့်ရှောက်ရေး မြို့နယ်အဆင့်သင်တန်း ကို  ရန်ကုန်တိုင်းဒေသကြီးအတွင်ရှိ မြို့နယ်များဖြစ်သော ကျောက်တန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့ မှ (၁၄)ရက်နေ့အထိလည်းကောင်း၊ သာကေတမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့ မှ (၁၆)ရက်နေ့အထိလည်းကောင်း၊ ဒလမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈) ရက်နေ့ မှ (၁၉)ရက်နေ့အထိလည်းကောင်း သွားရောက်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ တစ်မြို့နယ်လျှင် စေတနာ့ဝန်ထမ်းအသင်းဝင် သင်တန်းသား (၃၀)ဦး တက်ရောက်ခဲ့ကြပါသည်။