ကျား၊မ အခြေပြု အကြမ်းဖက်မှုများမှ ကာကွယ်စောင့်‌ရေှာက်ခြင်းဆိုင်ရာ(GBV) သင်တန်း

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်းနှင့် IPPF – SPRINT Project တို့ ပူးပေါင်းဆောင်ရွက်သည့် ကျား၊မ အခြေပြု အကြမ်းဖက်မှုများမှ ကာကွယ်စောင့်‌ ရေှာက်ခြင်းဆိုင်ရာ သင်တန်းကို ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၇) ရက်နေ့ မှ (၂၉) ရက်နေ့အထိ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်‌ရှောက်ရေး အသင်း(ဗဟို)ရှိ သင်တန်းခန်းမ၌ ကျင်းပပြု လုပ်ခဲ့ပါသည်။

ရှေးဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်က အမှာစကားပြောကြားပြီး စီမံချက်တာဝန်ခံများမှ သင်တန်းပို့ချခဲ့ပါသည်။

အဆိုပါသင်တန်းကို မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် မကွေးတိုင်းဒေသကြီးတို့မှ သင်တန်းသူ (၂၀)ဦးတက်ရောက်ခဲ့ကြပါသည်။