ငါးမျိုးစပ်ကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေးနှင့် ပိုလီယိုရောဂါကာကွယ်ဆေး တို့ကို ထိုးနှံ/ တိုက်ကျွေးခြင်း အခမ်းအနား

၁.၄.၂၀၂၄ ရက်နေ့မှစ၍ ရွှေပြည်သာမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းရှိ အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးများအနက် ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံရသေးသော ကလေးငယ်များနှင့် ကာကွယ်ဆေး တစ်ကြိမ်မျှ မရရှိသေးသော ကလေးငယ်များအား ငါးမျိုးစပ်ကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေးနှင့် ပိုလီယိုရောဂါကာကွယ်ဆေး တို့ကို ထိုးနှံ/ တိုက်ကျွေးခြင်း အခမ်းအနားအား အမှတ်(၂၂)ရပ်ကွက်၊ သစ်လုပ်ငန်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦး၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမြတ်မြတ်နှင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ယဉ်မေသွယ် နှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေး၍ ကစားစရာအရုပ်၊ မုန့်များ ပေးအပ်ခဲ့ပါကြောင်း တင်ပြအပ်ပါသည်။