နှုတ်ခမ်းကွဲ၊အာခေါင်ကွဲလူနာများ၊မီးလောင်ဒဏ်ရာများနှင့်မွေးရာပါချို့ယွင်းချက်ရှိသောလူနာများခွဲစိတ်ကုသခံယူမှုကိုသွားရောက်ကြည့်ရှုထောက်ပံ့ခြင်း။

၂၀၁၉ခုနှစ်၊ ဇူလှိုင်လ (၃၀)ရက်
 
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင်ရှောက်ရေးအသင်းသည်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊Rotaplast International (USA) အဖွဲ့တို့နှင့်ပူးပေါင်း၍ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများ၊ မီးလောင်ဒဏ်ရာများနှင့်မွေးရာပါချို့ယွင်းချက်ရှိသော လူနာများကို စုစည်းပြီး နေပြည်တော်၊ ပုပ္ဗသီရိမြို့နယ်၊ ကုတင်(၃၀၀) ဆေးရုံကြီးတွင် (၂၄ - ၇ - ၂၀၁၉) မှ (၄ - ၈ - ၂၀၁၉)ရက်နေ့အထိ ခွဲစိတ်ရာတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
၂၀၁၉ခုနှစ်၊ ဇူလှိုင်လ(၃၀)ရက်နေ့တွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင်ရှောက်ရေး အသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ စန်းစန်းမြင့်အောင်၊ အတွင်းရေးမှူး ဒေါက်တာ နွယ်နီအုန်းနှင့် ဘဏ္ဍာရေးမှူးဒေါက်တာလဲ့လဲ့ရီတို့သည် နေပြည်တော်၊ ပုပ္ဗသီရိမြို့နယ်၊ ကုတင်(၃၀၀) ဆေးရုံကြီးသို့ သွားရောက်ပြီး ခွဲစိတ်ကုသပေးနေသော ဆရာဝန်များ အဖွဲ့အတွက် ကျွေးမွေးဧည့်ခံရန် ထောက်ပံ့ငွေကျပ်(၇၀၀,၀၀၀/-)ကိုပေးအပ်လှူဒါန်းရာ နေပြည်တော်၊ကုတင်(၃၀၀) ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများမှ လက်ခံရယူ ခဲ့ပါသည်။
ဆက်လက်၍မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင်ရှောက်ရေးအသင်းဥက္ကဌနှင့်အဖွဲ့သည်ခွဲစိတ်ပြီးလူနာများနှင့် ခွဲစိတ်မည့် လူနာစုစုပေါင်း (၅၃)ဦးအား လှည့်လည်ကြည့်ရှုခဲ့ ပြီး လူနာတစ်ဦးလျှင်ကွေကာအုပ်အထုပ်ကြီးတစ်ထုပ်နှင့်ငွေကျပ်(၃၀,၀၀၀/-)ကိုပေးအပ် လှူဒါန်းခဲ့ပါသည်။ လှူဒါန်းမှု စုစုပေါင်းတန်ဖိုးမှာ (၂,၄၀၀,၀၀၀/-)ကျပ်ဖြစ်ပါသည်။ ထို့နောက်လူနာများဆေးရုံသို့လာရောက်သောခရီးစရိတ်နှင့်နေအိမ်သို့ပြန်ရန်ခရီးစရိတ်များကိုဆက်လက်ထောက်ပံ့သွားမည်ဖြစ်ပါသည်။