မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းဒီဂရီကောလိပ်သို့ သွားရောက်၍ ပျိုရွယ်သူ မျိုးဆက်ပွားကျန်းမာရေး နှင့် သက်ငယ်မုဒိမ်းကာကွယ်ရေးအကြောင်းကို အသိပညာပေး ဟောပြောဆွေးနွေးခြင်း

၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဥက္ကဌ ပါမောက္ခ ဒေါက်တာ စန်းစန်းမြင့်အောင် နှင့်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်သန်းသန်းစိန်၊ လက်ထောက် ဆရာဝန်ဒေါက်တာခိုင်နွယ်ဟန်၊ မေတ္တာစမ်းရေဆေးခန်းမှ လက်ထောက်ဆရာဝန် ဒေါက်တာနီလာအောင်၊ Technical Assistant ဦးရဲကျော်သူ၊ IPPF စီမံချက်ဌာနမှ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာမေချမ်းဦး နှင့် Sprint Programme Officer ဒေါက်တာဝေလင်းကြည် တို့ လိုက်ပါလျက် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၇)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်း ဒီဂရီကောလိပ်သို့ သွားရောက်ကာ ပျိုရွယ်သူ မျိုးဆက်ပွားကျန်းမာရေး နှင့် သက်ငယ်မုဒိမ်းကာကွယ်ရေး အကြောင်းကို အသိပညာပေး ဟောပြောခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲသို့ ရေနံချောင်း ဒီဂရီကောလိပ်မှ ဆရာ၊ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅၀၀)ကျော် တက်ရောက်၍ ပါဝင်ဆွေးနွေး ခဲ့ကြပါသည်။