မေတ္တာစမ်းရေးမူလတန်းကြိုကျောင်း (၂၀၁၈ - ၂၀၁၉) ပညာသင်နှစ် ကျောင်းဆင်းပွဲ

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင်ရှောက်ရေးအသင်းမေတ္တာစမ်းရေမူလတန်းကြိုကျောင်း (၂၀၁၈ - ၂၀၁၉) ပညာသင်နှစ်ကျောင်းဆင်းပွဲအခမ်းအနားကို ၂၀၁၉ခုနှစ်၊ မတ်လ (၂၆)ရက်၊ နံနက် (၉ : ၀၀)နာရီတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ သုခုမလမ်းရှိမြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင်၊ ဒုတိယဥက္ကဌ (၁) ပါမောက္ခဒေါက်တာမာလာဝင်း၊ အတွင်းရေးမှူးဒေါက်တာနွယ်နီအုန်း၊ စာရင်းစစ် ဒေါက်တာခင်ဝင်းသက် နှင့်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်သန်းသန်းစိန်၊ နေပြည်တော်ကောင်စီမိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ဥက္ကဌနှင့် အတွင်းရေးမှူး၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ဥက္ကဌများနှင့် အတွင်းရေးမှူးများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဥက္ကဌများနှင့်အတွင်းရေးမှူးများ၊မေတ္တာစမ်းရေမူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများတက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာအခမ်းအနားအားနိုင်ငံတော်သီချင်းဖွင့်လှစ်၍ အလေးပြုကြပါသည်။ယင်းနောက်မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌပါမောက္ခဒေါက်တာ စန်းစန်းမြင့်အောင်ကအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ဥက္ကဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် မူလတန်းကြိုကျောင်းသား၊ ကျောင်းသူလေး များအားကျောင်းဆင်းလက်မှတ်များကိုပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ယင်းနောက် ဥက္ကဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ကျောင်းသား/ကျောင်းသူလေးများ၊ တက်ရောက်လာသောဧည့်သည်တော်များနှင့်အတူမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။
ဒုတိယပိုင်းအစီအစဉ်တွင် ကလေးငယ်လေးများမှ အကပဒေသာများနှင့်ကပြဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။ အကပဒေသာများနှင့်ဖြေဖျော်တင်ဆက်သွားသောမူလတန်းကြို ကလေးငယ်စုစုပေါင်း( ၇၀)ဦးကိုမြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌနှင့်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များကမေတ္တာလက်ဆောင်ပစ္စည်းများကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။