မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီး ဌာနတို့ပူးပေါင်းဆောင်ရွက်သော ပြည်သူလူထုအခြေပြုရွေ့လျားကျန်းမာရေး ဆေးခန်းကိုနေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မိုးဆွေကျေးရွာတွင် ဆောင်ရွက်ခြင်း။

၂၀၁၉ခုနှစ်၊ စက်တင်ဘာလ(၁၅)ရက်
          မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာ စန်းစန်းမြင့်အောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်သန်းသန်းစိန်တို့ ဦးဆောင်၍ အသင်းမှတာဝန်ရှိသူများ၊ ပျဉ်းမနား ကုတင်(၂၀၀) ပြည်သူ့ဆေးရုံမှ မျက်စိ အထူးကု ဆရာဝန်ကြီးနှင့်အဖွဲ့၊ နေပြည်တော် ကုတင်(၁၀၀၀) ပြည်သူ့ဆေးရုံမှ သွားဘက် ဆိုင်ရာ အထူးကုဆရာဝန်ကြီးနှင့်အဖွဲ့၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူ များ၊နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ လက်ထောက် ဆရာဝန်များနှင့် IPPF စီမံချက်ဌာနမှ အမှုဆောင် ညွှန်ကြားရေးမှူးဒေါက်တာမေချမ်းဦးတို့ လိုက်ပါလျက် ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၁၅)ရက်နေ့တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မိုးဆွေကျေးရွာသို့ သွားရောက် ကာ ရွေ့လျားကျန်းမာရေးစောင့်ရှောက်မှုကို ဆောင်ရွက်ခဲ့ ပါသည်။
          ရှေးဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ အဘိုးအဘွား(၃၀)ဦးကို အားဆေးနှင့် အာဟာရဖြစ်စေမည့် အစား အစာများကို လည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်(၂၈)ဦးကို ကလေးအင်္ကျီ၊ အနှီးပိတ်၊ အိုင်အိုဒင်းဆား၊ ဆပ်ပြာများ၊ သွားတိုက်ဆေးနှင့် သွားတိုက်တံများကိုလည်းကောင်း ထောက်ပံ့ပေးအပ် ခဲ့ပါ သည်။
ဆက်လက်၍ ဒေါက်တာ ခိုင်နွယ်ဟန်မှ သွေးလွန်တုပ်ကွေးရောဂါအကြောင်းကို လည်းကောင်း၊ (၂၄)နှစ်အောက် လူငယ်များအား “သက်ငယ်မုဒိမ်းမှု ကာကွယ်ရေး ဆိုင်ရာ နှင့်လူကုန်ကူးခြင်းဆိုင်ရာ သိကောင်းစရာများအကြောင်း”ကို ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုရဲမှူး ဒေါ်သူဇာ လွင်မှ လည်းကောင်း၊ မေတ္တာစမ်းရေဆေးခန်း၊ လက်ထောက်ဆရာဝန် ဒေါက်တာ ဟွိုင်ဆမ်မှ ကိုယ်ဝန်ဆောင်စောင့်ရှောက်ခြင်းအကြောင်းကိုလည်းကောင်း၊ IPPF စီမံချက် ဌာန၊ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာမေချမ်းဦးက ပျိုရွယ်သူမျိုး ဆက်ပွား ကျန်းမာရေး အသိပညာပေးခြင်းအကြောင်းကိုလည်းကောင်း အသီးသီး အသိပညာပေး ဟောပြောခဲ့ကြပါသည်။
 
                   အဆိုပါ ပြည်သူလူထုအခြေပြု ရွေ့လျားကျန်းမာရေးဆေးခန်းသို့ သက်ကြီး ဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်များ၊ လူငယ်များနှင့် လာရောက်ပြသသော လူနာများအပါ အဝင် ကျေးရွာ၊ ရပ်ကွက်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ကျန်းမာရေးစစ်ဆေးခြင်း များကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ကိုယ်ဝန်ဆောင်(၂၈)ဦး၊ သက်ကြီးဘိုးဘွား (၃၀)ဦး၊ မျက်စိ လူနာ(၈၅)ဦး၊ သွားနှင့်ခံတွင်းလူနာ(၁၃)ဦးနှင့် အထွေထွေလူနာ(၁၂၀)ဦး စုစု ပေါင်း(၂၇၆) ဦးတို့ကို ကြည့်ရှုစစ်ဆေးကုသဆောင်ရွက် ပေးနိုင်ခဲ့ပါသည်။