မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သားကောင်းမိခင်နှင့် ကလေးပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပခြင်း။

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၃)ရက်
 
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသည် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သားကောင်းမိခင်နှင့်ကလေးပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၃)ရက်နေ့ နံနက်(၈:၀၀)နာရီမှ (၁၂:၀၀)နာရီအချိန်အထိ အသင်းရုံးတွင် ကျင်းပပြု လုပ်ခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း ဥက္ကဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင်၊ ဒုတိယဥက္ကဌ(၂) ဒေါက်တာတင်ညိုညိုလတ်၊ အတွင်းရေး မှူးဒေါက်တာနွယ်နီအုန်းနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ နေပြည်တော်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှူး၊ ဥတ္တရသီရိကလေးဆေးရုံကြီးမှ ကလေးအထူးကုဆရာဝန်ကြီးများ၊ လယ်ဝေးမြို့ နယ် ကုတင်(၁၀၀)ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများ၊ မြို့နယ်သူနာပြု ဆရာမကြီးနှင့်ဆရာမများ၊နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဌနှင့် အတွင်းရေးမှူးများ၊ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေးမှုကြီးကြပ်ရေးအဖွဲ့မှ ဥက္ကဌနှင့်အတွင်း ရေးမှူးများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌနှင့် အတွင်းရေးမှူးများ၊ မြန်မာ နိုင်ငံမိခင် နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ လက်ထောက်ဆရာဝန်များ၊ IPPFစီမံချက်ဌာနမှ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာမေချမ်းဦးနှင့် Sprint Programme Officer ဒေါက်တာ ဝေလင်းကြည်၊  မေတ္တာစမ်းရေဆေးခန်းမှ လက်ထောက်ဆရာဝန်များနှင့် သူနာပြု ဆရာမများ၊ ပြိုင်ပွဲဝင်ကလေးများနှင့် မိခင်အုပ်ထိန်းသူများတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ပြိုင်ပွဲဝင်ကလေးများ၏ အသက်အရွယ်အလိုက် ရှိရမည့် ကိုယ်အလေးချိန်၊ အရပ် အမြင့်၊ တစ်ကိုယ်ရည်သန့်ရှင်းမှု၊ ကျန်းမာရေးအခြေအနေနှင့် ကာကွယ် ဆေးအကြိမ်ပြည့် ထိုးနှံ တိုက်ကျွေးမှုတို့ကို အခြေခံကြည့်ရှုစစ်ဆေးကာ မွေးစမှ သုံးလ၊ သုံးလကျော်မှ ခြောက်လ၊ ခြောက်လကျော်မှ တစ်နှစ်၊ တစ်နှစ်ကျော်မှ တစ်နှစ်ခွဲ၊ တစ်နှစ်ခွဲကျော်မှ နှစ်နှစ်အထိ ပြိုင်ပွဲများ နှင့်သုံးမွှာပူး(၁)တွဲ၊နှစ်မွှာပူး(၇)တွဲစုစုပေါင်းကလေး(၇၆)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။
 အခမ်းအနားတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ပါမောက္ခ ဒေါက် တာစန်းစန်းမြင့်အောင်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတဝန်း လုံးမှာရှိသည့် မိခင်နှင့်ကလေးများ၏ လူနေမှုဘဝအဆင့်အတန်း မြင့်မားလာစေရန်အတွက် ဆောင်ရွက်ပေးနိုင် ရန် (၁၉၉၁)ခုနှစ်က ဖွဲ့စည်းထားရှိသည့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်နှင့်အညီ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ စောင့်ရှောက်မှုလုပ်ငန်းများကို မိမိတို့ အသင်းဝင်များ၏ စေတနာ့အင်အားဖြင့် ကျေးလက်ဒေသအောက်ခြေအထိရောက်အောင် ဆောင် ရွက်လျက်ရှိပါကြောင်း။
ထို့အတူ ကလေးငယ်များ ဘက်စုံဖွံ့ဖြိုးမှုရရှရန်နှင့် ဉာဏ်ပညာတိုးတက်စေရန် ရည်ရွယ်ပြီး နေ့ကလေးထိန်းကျောင်းများနှင့် မူလတန်းကြိုကျောင်းများကိုလည်း နိုင်ငံတစ်ဝန်းလုံး တွင် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုဆိုရင် နေ့ကလေးထိန်းကျောင်းပေါင်း (၁၇)ကျောင်းနှင့် မူလတန်းကြိုကျောင်းပေါင်း (၄၀၀)ခန့်ကို ဖွင့်လှစ်ထားရှိပြီး အသင်းဗဟို အနေနှင့် ၂၀၁၄ ခုနှစ်က စတင်ပြီး လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကလေးပြိုင်ပွဲများကို ဆောင်ရွက်ခဲ့ပါကြောင်း ပြော ကြားခဲ့ပါသည်။
ထို့နောက် ဥက္ကဌနှင့် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်များသည် သားကောင်းမိခင်ဆုနှင့် ပထမ၊ ဒုတိယ၊တတိယနှင့် နှစ်သိမ့်ဆုရရှိသူများကို ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး အကဲဖြတ် အမှတ်ပေးကြ သည့် ဆရာဝန်ကြီးများနှင့် သူနာပြုဆရာများကြီးများအား ဂုဏ်ပြုလက်ဆောင်ပစ္စည်းများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။