မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ အသင်းရုံး၀န်းအတွင်း၌ ကျင်းပခြင်း

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ ၂၀၂၃ခုနှစ် မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားကို (၁၂-၇-၂၀၂၃)ရက်နေ့ နံနက် (၀၇:၃၀)နာရီတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ သုခုမလမ်းရှိ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ရုံးဝန်း အတွင်း၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်နှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့၀င်များ၊ အသင်းရုံးဝန်ထမ်းများ က ရတနာ တန်းဝင်အပင်နှင့် နှစ်ရှည်စားပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြပါသည်။

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ ၂၀၂၃ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတွင် ကျွန်း(၅၀)ပင်၊ သရက် (၃၀)ပင်နှင့် ပိန္နဲ (၂၀)ပင် စုစုပေါင်း(၁၀၀)ပင် စိုက်ပျိုး ခဲ့ကြောင်း သတင်းရရှိပါသည်။