"ရင်ခွင်မဲ့ ကလေးငယ်များလှျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လှုပ်ရှားမှု" အခမ်းအနားတွင် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအနေဖြင့် ပြခန်းပြသပါ၀င်ခြင်း။

၂၀၁၈ ခုနှစ်၊ မတ်လ ၁၇ နှင့် ၁၈ ရက်။
 

၂၀၁၈ ခုနှစ်၊ မတ်လ ၁၇ နှင့် ၁၈ ရက်တို့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ရင်ပြင် ၌ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီမှ ဦးဆောင်၍ ကျင်းပပြုလုပ်သော "ရင်ခွင်မဲ့ ကလေးငယ်များလှျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လှုပ်ရှားမှု" အခမ်းအနားတွင် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအနေဖြင့် ပြခန်းပြသပါ၀င်ခြင်း။

၂၀၁၈ ခုနှစ်၊ မတ်လ ၁၇ နှင့် ၁၈ ရက်တို့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ရင်ပြင်၌ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီမှ ဦးဆောင်၍ ကျင်းပပြုလုပ်သော "ရင်ခွင်မဲ့ ကလေးငယ်များလှျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လှုပ်ရှားမှု" အခမ်းအနားတွင် မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအနေဖြင့် ပြခန်းပြသပါ၀င်ခဲ့ပါသည်။ ပဋိသနေ်ဓတည်ခြင်း၊ ကိုယ်၀န်ဆောင်စောင့်ရှောက်ခြင်း၊ သားပျက်သားလှျောခြင်း နှင့်ပတ်သက်သော အချက်အလက်များ ပြသ ထားပြီး လာရောက်ဖြေဆိုသူများအား မေးခွန်းများမေး၍ အဖြေမှန် ဖြေဆိုနိုင်သူများကို လက်ဆောင် ပစ်စည်းများ ပြန်လည်ပေးအပ်ခဲ့ပါသည်။ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်လူရွယ် တစ်ထောင်ကျော် လာရောက်ဖြေဆိုကြပါသည်။
ထိုအခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက်ကဌ ပါမောက်ခ ဒေါက်တာ စန်းစန်းမြင့်အောင်၊ ဒုတိယဥက်ကဌ (၂) ဒေါက်တာတင်ညိုညိုလတ်၊ အတွင်းရေးမှူး ဒေါက်တာ နွယ်နီအုန်း၊ ဘ႑ာရေးမှူး ဒေါက်တာလဲ့လဲ့ရီ၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့၀င် ဒေါက်တာ သန်းသန်းနွယ်၊ ဒေါက်တာနွယ်နွယ်၀င်း၊ ဒေါက်တာနွဲ့နွဲ့၀င်း၊ ဒေါက်တာစိုးမြင့်၊ ဒေါက်တာဆွေဆွေထွန်း၊ နှင့် ဒေါ်သန်းသန်းစိန်၊ ဒေါက်တာခင်မြတ်နွယ်၊ ဒေါက်တာမာမာအောင်၊ ဒေါက်တာစန်းရှှေ၊ လက်ထောက် ဆရာ၀န်  ဒေါက်တာသက်နိုင်ဦး၊ ဒေါက်တာဇေယျာမိုး နှင့် ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၀င်များ၊ အသင်း၀င်များ တက်ရောက် ပါ၀င်ခဲ့ကြပါသည်။