လွိုင်ကော်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ တုံလောကျေးရွာ၊ မွေတော်တောင် ဘုန်းကြီးကျောင်းနှင့် မွေတော်မြောက်ဘုန်းတော်ကြီးကျောင်း၌ စစ်ဘေးရှောင်ပြည်သူများအား ထောက်ပံ့ပစ္စည်း များ ပေးအပ်ခြင်း။

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်။


 

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၁၂ ) ရက်နေ့တွင် လွိုင်ကော်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ တုံလော ကျေးရွာ၊ မွေတော်တောင် ဘုန်းကြီးကျောင်းနှင့် မွေတော်မြောက်ဘုန်းတော်ကြီးကျောင်း၌ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ထောက်ပံ့ ပစ္စည်းပေးအပ်ပွဲ အခမ်းအနားကို ကျင်းပခဲ့ပါသည်။ စစ်ဘေးရှောင်ပြည်သူ ကုန်းဆာကျေးရွာမှ အိမ်ထောင်စု (၉၀) စု၊ ၁၂နှစ်အထက် (၂၅၈) ဦး၊ ၁၂နှစ်အောက် (၂၄၄) ဦး နှင့် ပန်ပွဲ ကျေးရွာမှ အိမ်ထောင်စု (၈၀) စု၊ ၁၂နှစ်အထက် (၂၇၀) ဦး၊ ၁၂နှစ်အောက် (၁၃၂) ဦး၊ စုစုပေါင်း အိမ်ထောင်စု (၁၇၀) စု၊ လူဦးရေစုစုပေါင်း (၉၀၄) ဦးရှိပါသည်။
အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း-IPPF မှ လှူဒါန်း သော kit for men (၁၉) ထုပ်ကို အဘိုး (၁၉) ဦးအတွက်လည်းကောင်း၊ kit for women (၂၄) ထုပ်ကို အဘွား (၂၄) ဦးအတွက်လည်းကောင်း၊ kit for baby (၂၃) ထုပ်ကို မွေးကင်းစကလေး (၂၃) ဦး အတွက်လည်းကောင်း ၊ အသင်းဗဟိုမှ လှူဒါန်းသော kit for pregnant (၁၀) ထုပ်ကို ကိုယ်ဝန်ဆောင် (၁၀) ဦးအတွက်လည်းကောင်း ပေးအပ်ထောက်ပံ့ခဲ့ပါသည်။
၎င်းနောက် ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ပြည်နယ် အမျိုး သမီးရေးရာ အဖွဲ့တို့ပူးပေါင်း၍ ငွေကျပ် (၂၀) သိန်း၊ ဦးစိုင်းဒဏ်ကြေလိမ်းဆေး (၁၅) ဒါဇင်၊ စောင် (၁၇၀) ထည်၊ တစ်နှစ်အောက်ကလေးများအတွက် အနွေးထည် (၅၀) ထည်နှင့် ကိုယ်ဝန်ဆောင် မိခင် များအတွက် Obimin အားဆေး (၁၀) ဗူးကို ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။