ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား

၂၀၁၉ခုနှစ်၊ ဇူလိုင်လ (၁၂)ရက်
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၂၀၁၉ခုနှစ်၊ ဇူလိုင်လ(၁၂)ရက်နေ့တွင် မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့် ရှောက်ရေးအသင်းရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ နေပြည်တော်၊ လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက်မှ ဆရာတော် နှင့် သံဃာ တော်အရှင်မြတ်တို့ ကြွရောက်တော်မူကြပါသည်။
ရှေးဦးစွာ အခမ်းအနားအား နမောတဿ(၃)ကြိမ် ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌနှင့်ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက် တည်ကြပြီး ဆရာတော်နှင့် သံဃာတော် အရှင်သူမြတ် များထံမှ ပရိတ်တရားတော်များ နာယူခဲ့ကြပါသည်။ ထို့နောက် အသင်း(ဗဟို)ဥက္ကဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထား သော ဧည့်သည်တော်များက ဆရာတော်နှင့် သံဃာတော်အရှင်မြတ်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီးနောက် ဆရာတော်မှ သာဓုအနုမောဒနာ တရား ဟောကြား ခဲ့ပါသည်။ ထို့နောက် လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြ ပြီးနောက် အခမ်းအနားကို ဗုဒ္ဂသာသနံ စိရံတိဌတု သုံးကြိမ် ရွတ်ဆို၍ ရုပ်သိမ်းခဲ့ပါ သည်။