၂၀၁၉ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား

၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ()ရက်
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှကမ္ဘာ့ ခုခံအားကျဆင်းမှုကူးစက် ရောဂါ တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ( ၆ )ရက်၊ နံနက်  (၉: ၀၀)နာရီတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ သုခုမလမ်းရှိမြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ‌ဒေါက်တာ သာထွန်းကျော်၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မိုးဆွေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်၊ဒုတိယ ဥက္ကဌ (၁) ပါမောက္ခ ဒေါက်တာမာလာဝင်း၊ အတွင်းရေးမှူး ဒေါက်တာနွယ်နီအုန်း၊ ဘဏ္ဍာရေးမှူး ဒေါက်တာ လဲ့လဲ့ရီနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဒေါ်သန်းသန်းစိန်၊ အမျိုးသားခုခံကျကာလသား ရောဂါ တိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ် မှ ဉက္ကဌ နှင့်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေး သူငယ်များဘဝ မြှင့်တင်ရေးအသင်းမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ နေပြည်တော်မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေး အဖွဲ့မှ တာဝန်ရှိသူများ၊ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး ဥက္ကဌများနှင့် အတွင်းရေးမှူးများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်း ဥက္ကဌများနှင့် အတွင်း ရေးမှူးများ၊ အခြားဖိတ်ကြားထား သောဧည့်သည်တော်များတက် ရောက်ခဲ့ကြပါ သည်။
အခမ်းအနားတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော် မှ အဖွင့်အမှာစကားပြောကြခဲ့ပါသည်။ ယင်းနောက် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်နှင့်ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂိ္ဂုလ်များ၊ မြန်မာနိုင်ငံမိခင် နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌနှင့်ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ သည် အခမ်း အနားသို့ တက်ရောက်လာကြသူများနှင့် အတူမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး ၂၀၁၉ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက် ရောဂါတိုက်ဖျက်ရေးနေ့ လှုပ်ရှားမှုပြခန်း အား ကြည့်ရှုခဲ့ကြပါ သည်။
 
ဒုတိယပိုင်းအနေဖြင့် နေ့လည်(၁)နာရီမှ ညနေ(၅;၀၀)နာရီအထိ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်နှင့် ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင်များဦးဆောင်၍ ဒက္ခိဏသီရိမြို့နယ်၊ ကြာပင်ကျေးရွာအုပ်စု၊ ထန်းတပင်ကျေး ရွာတွင် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါကာကွယ်တားဆီးရေး ဆိုင်ရာ စကားဝိုင်းဆွေး နွေး ပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာမြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ စန်းစန်းမြင့်အောင်က အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အမျိုးသားခုခံကျ ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာပြည့်စုံက HIV/ AIDS ရောဂါ အကြောင်းအသိပေးဆွေးနွေးခဲ့ပါသည်။
 
          ဆက်လက်၍ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်က ကိုယ်ဝန်ဆောင်မိခင်များကို ကလေးအင်္ကျီ၊ အနှီးပိတ်နှင့် အားဆေးများကို ထောက်ပံ့ပေးခဲ့ပါသည်။ ထို့နောက် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက် ရောဂါ တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် HIV/ AIDS ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ အသိပညာ ပေးစကားဝိုင်းကိုအုပ်စုများခွဲ၍ ဆွေးနွေးခဲ့ကြပါသည်။
ယင်းစကားဝိုင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင်နှင့်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အမျိုးသားခုခံကျ ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်မှ တာဝန်ရှိသူများ၊မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း မှ လက်ထောက်ဆရာဝန်များ၊ IPPF စီမံချက်ဌာန၊ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာ မေချမ်းဦးနှင့်တာဝန်ရှိသူများ၊ဒက္ခိဏသီရိမြို့နယ်၊ ကြာပင်ကျေးရွာအုပ်စု၊ ထန်းတပ်ပင် ကျေးရွာမှ အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းအသင်းဝင်များ၊ ကိုယ်ဝန် ဆောင်မိခင် များနှင့်ခင်ပွန်းများ၊ ဆယ်ကျော်သက်လူငယ်လူရွယ်များ၊ အရွယ်ရောက်ပြီးအမျိုး သား၊ အမျိုး သမီးများနှင့် အခြားဖိတ်ကြားထားသူများတက်ရောက်ပါဝင်ဆွေးနွေးခဲ့ကြ ပါသည်။