“Quality Training for MMCWA’s Maternity Home Midwives” Training

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း Hi-MMCH မှ “Quality Training for MMCEA’s Maternity Home Midwives” သင်တန်းကို ၂၀၂၃ ခုနှစ်၊ မေလ (၂၂)ရက်နေ့မှ (၂၄)ရက်နေ့အထိ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်း (ဗဟို)ရှိ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့  မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေးဌာနခွဲမှ ညွှန်ကြားရေးမှူး၊ ကလေးကျန်းမာဖွံ့ဖြိုးရေးဌာနခွဲမှ ညွှန်ကြားရေးမှူးနှင့် ပြည်နယ်နှင့်တိုင်းများမှ သင်တန်းသူ သားဖွားဆရာမများ တက်‌ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေးဌာနခွဲနှင့် ကလေး ကျန်းမာဖွံ့ဖြိုးရေးဌာနခွဲမှ ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးများက သင်တန်းပို့ချပေးခဲ့ပါသည်။
အဆိုပါသင်တန်းကို ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ သင်တန်းသူ (၃၀)ဦး တက်ရောက်ခဲ့ ကြပါသည်။