Procurement & Logistics Guidelines (မူကြမ်း) ရေးဆွဲအတည်ပြုခြင်း

           မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအတွက် Procurement & Logistics Guidelines ရေးဆွဲအတည်ပြုခြင်းဆိုင်ရာ အစည်းအဝေးကို ၇ - ၆ - ၂၀၂၄ ရက်နေ့တွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်းရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
          အစည်းအဝေးတွင် Consultant ဒေါက်တာ ဖုန်းမြင့်က  Procurement & Logistics Guidelines မူကြမ်းအားရှင်းလင်းတင်ပြရာ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်‌ရေးအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး မူကြမ်းအား အတည်ပြုခဲ့ပါသည်။