မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ First Aid Kit များ၊ ကျောင်းဝတ်စုံများနှင့်ကျောင်းသုံးစာရေးကိရိယာများကို ထောက်ပံ့လှူဒါန်းခြင်း (၁၂-၈-၂၀၁၆)

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်။

                        မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှရုံးအဖွဲ့မှူး ဦးဝေမျိုးဟန်နှင့်အသင်းဝင်များသည်  လယ်ဝေးမြို့နယ်၊ လယ်တာကြီးကျေးရွာ ရှိ အခြေခံပညာအလယ်တန်းကျောင်းသို့(၁၂-၈-၂၀၁၆) ရက်နေ့တွင် သွားရောက်၍ First Aid Kit များ၊ ကျောင်းဝတ်စုံများနှင့်ကျောင်းသုံးစာရေးကိရိယာများကို ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

     ဖော်ပြပါ လယ်တာကြီး အခြေခံပညာအလယ်တန်းကျောင်းသည် လယ်ဝေးမြို့မှ (၁၂) မိုင်အကွာတွင် တည်ရှိသော ကျောင်းတစ်ကျောင်းဖြစ်၍ ကားတတန်၊ လှည်းတတန်ဖြင့် ရေလမ်း၊လှည်းလမ်းတို့မှသွားရောက်ခဲ့ပါသည်။ ကျောင်းဆရာ/ဆရာမ (၁၆) ဦး၊ ကျောင်းသားဦးရေ (၃၅၉) ဦးရှိပြီး၊ အသင်းဗဟိုမှကျောင်းဝတ်စုံ (၃၅၉) စုံ၊ ဗလာစာအုပ် (၁၇၉) ဒါဇင် ၊ဘောပင် (၂၇၆) ချောင်း၊ ခဲတံ (၈၀၁) ချောင်း ၊ပေတံ (၃၅၉) ချောင်း၊ ခဲဖျက်(၃၅၉)ခု ၊ ချွန်စက် (၃၅၉)ခု စသည်ဖြင့် စုစုပေါင်းတန်ဖိုးငွေကျပ် (၁၃,၇၇၂၀၀)ကို ထောက်ပံ့လှူဒါန်းခဲ့ပါသည်။