ကျန်းမာရေးဦးစီးဌာန၊UNFPA နှင့်ပူးပေါင်း ဆောင်ရွက်လျက် ရှိသော စီမံချက်များ
မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာအမူအကျင့်ပြောင်းလဲစေရန်
-
ပညာပေးခြင်းနှင့်ဆက်သွယ်ဆောင်ရွက်ခြင်းစီမံချက်(RH/IEC/BCC Project)
-
မိခင်ရင်သွေးကျန်းမာရေးရိပ်မြုံစီမံချက်(Maternity Waiting Homes Project)
-
မျိုးဆက်ပွားကျန်းမာရေးဝန်ဆောင်မှုမြှင့်တင်ခြင်းစီမံချက် (ဒေါပုံသားဖွားခန်း)


မျိုးဆက်ပွားကျန်းမာရေးဝန်ဆောင်မှုမြှင့်တင်ခြင်းစီမံချက် (ဒေါပုံသားဖွားခန်း)
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောငှ့်ရှောက်ရေးအသင်း၊ ကျန်းမာရေးဝန်ကြီး ဌာန၊ကုလသမဂ္ဂလူဦးရေရံပုံငွေအဖွဲ့UNFPAတို့ ပူးပေါင်းဆောင်ရွက်သော မျိုးဆက်ပွားကျန်းမာရေးဝန်ဆောင်မှုမြှင့်တင်ခြင်းစီမံချက်ကို ၂ဝ၁၄ မတ်လ တွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းပိုင်သားဖွားခန်း တစ်ခု ဖြစ်သော ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း သားဖွားခန်းတွင် အခြေပြု၍ စတင် အကောင်အထည်ဖော်ဆောင်ရွက် ခဲ့ပါသည်။

သားဖွားခန်းတွင် မွေးဖွားသောလူနာကို အာဟာရများ ထောက်ပံ့စဉ်

မျိုးဆက်ပွားကျန်းမာရေးဝန်ဆောင်မှုမြှင့်တင်ခြင်း စီမံချက် သင်တန်းဖွင့်လှစ်ဆောင်ရွက်စဉ်

မိခင်ရင်သွေးကျန်းမာရေးရိပ်မြုံ (Maternity Waiting Home)
၁၁ ခုကိုလည်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။