-
ကျန်းမာရေး၊ပညာရေးဆိုင်ရာ အခက်အခဲရှိသော မိခင်နှင့်ကလေးများအား ကူညီဖြေရှင်းပေးခြင်း။
-
ယဉ်ကျေးမှုထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း။
-
သက်ကြီးရွယ်အိုစောင့်ရှောက်မှုလုပ်ငန်းများတွင် ကူညီဆောင်ရွက်ခြင်း။
(၁) လူမှုရေးဆိုင်ရာစောင့်ရှောက်မှုလုပ်ငန်းများအနေဖြင့်ဆေးရုံများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ပရဟိတကျောင်းများ၊ အခြားလူမှုရေး အဖွဲ့အစည်းများ စသည်တို့တွင် ပရဟိတစောင့်ရှောက်မှုလုပ်ငန်း၌ အသုံးပြုရန် ငွေ၊ ဆေးဝါးများ၊ ကျောင်းသုံးစာရေးကိရိယာနှင့် အဝတ်အထည်များ လှူဒါန်းခဲ့ပါသည်။

ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီးသို့ ထောက်ပံ့ငွေပေးအပ်စဉ်

ရန်ကုန်နာရေးကူညီမှုအသင်းသို့ထောက်ပံ့ငွေပေးအပ်စဉ်
သက်ကြီးရွယ်အိုစောင့်ရှောက်မှုလုပ်ငန်း
-
သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ ဆေးဝါးနှင့်ငွေကြေး ထောက်ပံ့ခြင်း၊ မျက်စိအတွင်းတိမ်ခွဲစိတ်ကုသပေးခြင်း၊ မျက်မှန်ပြုလုပ်ပေးခြင်း၊
-
နားမကြားခြင်း အတွက် နားကြားကိရိယာ လှူဒါန်းတပ်ဆင်ပေးခြင်း၊ သွားကျန်းမာရေး စောင့်ရှောက်ပေး၍ သွားစိုက်ပေးခြင်း၊
-
အံပုံတပ်ဆင်ပေးခြင်း၊ သက်ကြီးရွယ်အိုအချင်းချင်း ရင်းနှီးချစ်ကြည်စွာဖြင့် ဆွေးနွေးတိုင်ပင်ပြောဆိုင်နိုင်ကြရန် စုစည်းပေးခြင်း၊ ဘုရားပုထိုးများသို့ သွားရောက်ဖူးမျှော် နိုင်ရန် စီစဉ်ပေးခြင်း။


၂ဝ၁၄ခုနှစ်အတွင်းစုစုပေါင်း ( ၂၁၅ဝ၈၅ ) ဦးကို စောင့်ရှောက်မှုပေးနိုင်ခဲ့ပြီး စုစုပေါင်းပံ့ပိုးငွေ ကျပ် ( ၁၆၇၈ ) သိန်းကျော် ဖြစ်ပါသည်။
သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် ဖြစ်ပွားရာဒေသများတွင် ကူညီစောင့်ရှောက်မှုလုပ်ငန်းများပြုလုပ်ခြင်း
