၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်။
အသင်းခန်းမကြီးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားအစီအစဉ်ပထမပိုင်းတွင် အသင်းဥက္ကဋ္ဌဒေါက်တာနုနုသာက အဖွင့်အမှာစကားပြော ကြားပြီး ဒုတိယပိုင်းအစီအစဉ်တွင် ခရိုင်အလိုက် မူကြိုကျောင်းများ ပြိုင်ပွဲများကျင်းပခြင်းနှင့်ကျောင်းအလိုက် ပဒေသာအကများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းများပြုလုပ်ပြီး ပြိုင်ပွဲဝင်နှင့်ဖျော်ဖြေတင်ဆက်သူမူကြို ကလေးငယ်စုစုပေါင်း(၁၆၂)ဦးတို့ကိုမြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နာယက၊ဥက္ကဋ္ဌနှင့် ဗဟို အလုပ်အမှုဆောင်များကတန်ဘိုး(၁၀)သိန်းကျပ်ရှိဆုများနှင့်လက်ဆောင်ပစ္စည်းများကိုအသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီးအသင်းပိုင်မူကြိုကျောင်း(၈)ကျောင်းကိုလည်းကို(၁၀ဝ၀ဝ၀ိ/)စီထပ်မံချီးမြှင့်ခဲ့ပါသည်။အခမ်းအနားသို့ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနာယက၊ဥက္ကဋ္ဌနှင့်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ
၊မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊မြန်မာနိုင်ငံအမျိုးသမီး များနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းတို့မှ ဖိတ်ကြားထားသူများ၊ ပညာရေးဝန်ကြီးှဌာန၊ နေပြည်တော်ပညာရေးမှူး နှင့်ခရိုင်ပညာရေးမှူးများ၊ နေပြည်တော် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီး ကြပ်ရေးအဖွဲ့ နှင့်ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့အဖွဲ့ဝင်များနှင့်မြို့နယ်(၈)ခုမှ မြို့နယ် မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများ၊ အသင်းပိုင် မူကြိုကျောင်းများမှ ကျောင်းအုပ်နှင် ့မူကြိုဆရာမများ၊ မိဘများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ခဲ့ပြီး ဒိုင်လူကြီးများ အဖြစ် နေပြည်တော်ပြည်ထောင်စုနယ်မြေ လူမှုဝန်ထမ်းဦးစီးဌာနမှ ကူညီပံ့ပိုးခဲ့ကြောင်း သတင်းရရှိပါသည်။