၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နှင့် ၆ ရက်။
(၅-၉-၂၀၁၆)နှင့် (၆.၉.၂၀၁၇) နေ့တို့တွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင်၊ တွဲဖက်အတွင်းရေးမှူး(၁) ဒေါက်တာဆွေဆွေထွန်းနှင့်အဖွဲ့တို့သည် မကွေးတိုင်းဒေသကြီး မကွေးမြို့၊ အောင်လံမြို့၊ မင်းဘူးမြို့၊ စကုမြို့နှင့် နတ်မောက်မြို့တို့သို့သွားရောက်ကာ တိုင်းမိခင်နှင့် ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၀င်များ၊ ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ် ရေး အဖွဲ့၀င်များ၊ မြို့နယ်အသင်းအမှုဆောင်အဖွဲ့၀င်များနှင့်တွေ့ဆုံခဲ့ပြီး မြို့နယ်အသင်းများမှဆောင်ရွက်လျက်ရှိ သော အသင်းလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးမေးမြန်းပြီး လိုအပ်သည်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ၊ တွဲဖက်အတွင်းရေးမှူး (၁) နှင့်အဖွဲ့၀င်များသည် အသင်းပိုင်သားဖွားခန်းများ၊ မူလတန်းကြိုကျောင်းများနှင့် ဆိုင်ခန်းအဆောက်အအုံများသို့ သွားရောက်ကြည့်ရှုကာ လိုအပ်သည်များကိုမှာကြားခဲ့ပါသည်။ သားဖွားခန်းများနှင့်မူကြိုကျောင်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။ သားဖွားခန်းများတွင် လာရောက်မွေးဖွားသော ကိုယ်၀န်ဆောင်မိခင်များ အား ကိုယ်ဝန်ဆောင်အားဆေး၊ ကြက်ဥနှင့် စားသောက်ဖွယ်ရာ များကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်