၂၀၁၇ ခုနှစ် စက္တင္ဘာလ ၁၅ ရက္။
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသည် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အမေရိကန်နိုင်ငံအခြေစိုက် Rotaplast အဖွဲ့တို့နှင့် ပူးပေါင်း၍ နေပြည်တော် ကုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီးတွင်ခွဲစိတ်ကုသမှုခံယူမည့် မျက်နှာ၊ မေးရိုး၊ခံတွင်းရောဂါဝေဒနာရှင်များကို သွားရောက်ထောက်ပံ့ပေးခြင်း။ (၁၅-၉-၂၀၁၇)
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသည်ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အမေရိကန်နိုင်ငံအခြေစိုက် Rotaplast အဖွဲ့တို့နှင့် ပူးပေါင်း၍ နေပြည်တော် ကုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီးတွင် ခွဲစိတ်ကုသမှုခံယူမည့် မျက်နှာ၊ မေးရိုး၊ ခံတွင်းရောဂါဝေဒနာရှင်များကို (၁၄-၉-၂၀၁၇) ရက်နေ့မှ (၂၃-၉-၂၀၁၇) ရက်နေ့အထိ ခွဲစိတ်ကုသမှုပေးမည် ဖြစ်ပါသည်။
(၁၅-၉-၂၀၁၇) ရက်နေ့ နံနက် (၁၀:၀၀)နာရီတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဉကၠဌ ပါမောကၡ ဒေါက်တာစန်းစန်းမြင့်အောင်၊ ဗဟိုအလုပ်အမှုဆောင် ဒေါ်သန်းသန်းစိန်နှင့် အဖွဲ့များသည် နေပြည်တော် ကုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြီး ခွဲစိတ်လူနာများအားလုံးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာအောင်လင်းအေး၊ သွားဘက်ဆိုင်ရာ အထူးကုဆရာ၀န် ကြီး ဒေါက်တာ ခင်မောင် (ဒုတိယညွှန်ကြားရေးမှူး၊ သွားကျန်းမာကုသရေးဉီးစီးဌာန) နှင့်အဖွဲ့တို့မှ လက်ခံရယူခဲ့ပါသည်။
ဆက်လက်၍ ဉကၠဌနှင့်အဖွဲ့များသည် ခွဲစိတ်ပြီးသော လူနာများကို လှည့်လည်ကြည့်ရှူအားပေးပြီး ကွေကာအုပ် အထုတ်ကြီး တစ်ထုပ်နှင့် ငွေသား သုံးသောင်းကျပ်စီ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ခွဲစိတ်လူနာ (၈၀)ဦးဖြစ်ပြီး စုစုပေါင်းထောက်ပံ့ငွေမှာ ကျပ်နှစ်ဆယ့်ငါးသိန်း လေးသောင်းရှစ်ထောင်(၂၅၄၈၀၀ဝိ/) တိတိ ဖြစ်ကြောင်း သတင်းရရှိပါသည်။