၂၀၁၇ခုနှစ်၊ အောက်တိုဘာလ(၁၇)ရက်နေ့
နိုင်ငံတစ်၀န်း ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးအစုလိုက်ထိုးနှံခြင်းလုပ်ငန်း (၂၀၁၇) အသိပေးဆွေးနွေးပွဲအခမ်းအနား ( ၁၇. ၁၀. ၂၀၁၇ )
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန တို့ ပူးပေါင်းဆောင်ရွက်သည့် နိုင်ငံတစ်၀န်း ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး အစုလိုက် ထိုးနှံခြင်းလုပ်ငန်း (၂၀၁၇) နှင့် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထည့်သွင်း ထိုးနှံမည့်အကြောင်း အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ၂၀၁၇ခုနှစ်၊ အောက်တိုဘာလ(၁၇)ရက်နေ့၊ နံနက်(၉း၀၀)နာရီတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းခန်းမ၌ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက်ကနြှင့်ဗဟို အလုပ် အမှုဆောင်အဖွဲ့၀င်များ၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာ၀န် ရှိသူများ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတိုးချဲ့ကာကွယ်ဆေးထိုးလုပ္ငန္းမှတာ၀န်ရှိသူများနှင့် ပြည်နယ်/ တိုင်းဒေသကြီးများမှ ဥက်ကမျြားနှင့်အတွင်းရေးမှူးများတက်ရောက်ခဲ့ကြပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက်ကပြါမောက်ခဒေါက်တာစန်းစန်းမြင့်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညှှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော် က အမှာစကားပြောကြားခြင်း၊ ဒုတိယညှှန်ကြားရေးမှူးချုပ်ဒေါက်တာသန်းထွန်းအောင်က ဂျပန် ဦးနှောက်ရောင်ကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းလုပ်ငန်း (၂၀၁၇) လမ်းညှှန်စာအုပ်တွင် ပါ၀င်သည့် အကြောင်းအရာများအကြောင်းဆွေးနွေးခြင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန (တိုးချဲ့ကာကွယ်ဆေး ထိုးလုပ်ငန်း)မှ စီမံချက်မန်နေဂျာ ဒုတိယညှှန်ကြားရေးမှူး ဒေါက်တာထားထားလင်းက “နိုင်ငံတ၀န်း ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းလုပ်ငန်း (၂၀၁၇)” နှင့် ပုံမှန်ကာကွယ်ဆေး ထိုးလုပ်ငန်းတွင် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထည့်သွင်း ထိုးနှံမည့် အကြောင်း မိတ်ဆက် ရှင်းလင်းတင်ပြခြင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနမှ ဒုတိယ ညှှန်ကြားရေးမှူး ဒေါက််တာအောင်ကျော်မိုးက “နိုင်ငံတ၀န်း ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းလုပ်ငန်း (၂၀၁၇)” အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံမိခင် နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အသင်း၀င် စေတနာ့၀န်ထမ်းများ၏ အခန်းက႑ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းစသည်ဖြင့် တင်ပြဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် အစည်းအေ၀းအခမ်းနားသို့ တက်ရောက်လာသူများနှင့် အထွေထွေဆွေးနွေးခြင်းများဆွေးနွေးပြီး မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက်ကကြ နိဂုံးချုပ် အမှာစကားပြောကြား၍ အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။