၂၀၁၇ ခုနှစ်၊ နို၀င်ဘာလ (၁၈) ရက်နေ့
၂၀၁၇ ခုနှစ်၊ နို၀င်ဘာလ (၁၈) ရက်နေ့တွင် နေပြည်တော်၊
ပုဗ်ဗသီရိမြို့နယ်၊ ညောင်လူးကျးရွာ၌ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင် ့ကျန်းမာရေးနှင့်အားကစား၀န်ကြီး
ဌာနတို့ ပူးပေါင်းဆောင်ရွက်သောပြည်သူလူထုအခြေပြုရွေ့လျား ကျန်းမာရေးဆေးခန်းဆောင်ရွက်ခြင်း
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက်ကပြါမောက်ခဒေါက်တာစန်းစန်းမြင့်အောင်၊ဒုတိယဥက်ကဌဒေါက်တာတင်ညိုညိုလတ်၊ အတွင်းရေးမှူး ဒေါက်တာနွယ်နီအုန်း တို့သည် အသင်းမှတာ၀န်ရှိသူများ၊ နေပြည်တော်ကုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီးမှ သွားဘက်ဆိုင်ရာ အထူးကုဆရာ၀န်အဖွဲ့၊ ပျဉျးမနားကုတင်(၂၀၀) ပြည်သူ့ဆေးရုံမှ မျက်စိအထူးကု ဆရာ၀န်များ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှလက်ထောက်ညွန်ကြားရေးမှူးနှင့်ဆရာ၀န်များ၊ နေပြည်တော်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ အတွင်းရေးမှူး နှင့်အဖွဲ့၀င်များ၊ ဥတ်တရသီရိခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး၊ မြို့နယ် ဥက်ကနြှင့် အဖွဲ့၀င်များ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမေတ်တာစမ်းရေဆေးခန်းမှ လက်ထောက်ဆရာ၀န်များ လိုက်ပါလျက် ၂၀၁၇ ခုနှစ်၊ နို၀င်ဘာလ (၁၈) ရက်နေ့တွင် နေပြည်တော်၊ ပုဗ်ဗသီရိမြို့နယ်၊ ညောင်လူးကျေးရွာသို့သွားရောက်ကာ ရွေ့လျားကျန်းမာရေးဆေးခန်းကို ဆောင်ရွက်ခဲ့ ပါသည်။
ရှေးဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက်ကပြါမောက်ခဒေါက်တာစန်းစန်း မြင့်အောင်က အမှာစကားပြောကြားပြီး၊ လက်ထောက်ဆရာ၀န်ဒေါက်တာသက်နိုင်ဦးက မကူးစက်နိုင် သော ရောဂါအကြောင်းကိုလည်းကောင်း ၊ အသက်(၂၄)နှစ်အောက်လူငယ်များကို မြန်မာနိုင်ငံမိခင် နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာခိုင်နွယ်ဟန်က ပျိုရွယ်သူကျန်းမာရေးအသိပညာပေးခြင်းကိုလည်းကောင်း၊ ဆက်သွယ်ရေးအရာရှိ ဒေါ်အေးသီရိမြတ်က ကျား/မရေးရာအခြေခံသဘောတရားများနှင့်ပတ်သက်၍လည်းကောင်း “လူကုန်ကူးခြင်းဆိုင်ရာ သိကောင်းစရာများ“ အကြောင်းကို ပြည်ထဲရေး၀န်ကြီးဌာနမှ တာ၀န်ရှိသူက လည်းကောင်း၊ အသီးသီး အသိပညာပေး ဟောပြောခဲ့ကြပါသည်။
ဆက်လက်၍ အဘိုးအဘွားများကို အားဆေးနှင့်အာဟာရဖြစ်စေသောအစားအစာများကိုလည်း
ကောင်း၊ကိုယ်၀န်ဆောင်မိခင်များကိုကိုယ်၀န်ဆောင်အားဆေး၊ကလေးအကျႌ၊အနှီးပိတ်၊အိုင်အိုဒင်းဆားနှင့်ဆပ်ပြာများကိုလည်းကောင်း၊ကျေးရွာစာကြည့်တိုက်အတွက်မေတ်တာစမ်းရေမဂ်ဂဇင်းများကိုလည်းကောင်းလှူဒါန်းခဲ့ပါသည်။
အဆိုပါ ပြည်သူလူထုအခြေပြုရွေ့လျားကျန်းမာရေးဆေးခန်းသို့် သက်ကြီးဘိုးဘွားများ၊ကိုယ်၀န် ဆောင်များ၊လူငယ်များနှင့် လာရောက်ပြသသောလူနာများ အပါအ၀င်ကျေးရွာရပ်ကွက်မှတာ၀န်ရှိသူများ တက်ရောက်ခဲ့ပါသည်။
ကျန်းမာရေးစစ်ဆေးခြင်းများကိုလည်းဆက်လက်ဆောင်ရွက်ခဲ့ရာကိုယ်၀န်ဆောင် ( ၅၈ )ဦး၊ သက်ကြီးဘိုးဘွား ( ၁၁၆ )ဦး၊ မျက်စိ လူနာ( ၃၅ )ဦး၊ သွားနှင့်ခံတွင်းလူနာ ( ၉ )ဦး နှင့် အထွေထွေလူနာ ( ၁၂၇ )ဦး စုစုပေါင်း ( ၃၄၅ )ဦး တို့ကို ကြည့်ရှု့စစ်ဆေး ကုသပေးခဲ့ပြီး ညှှန်းပို့ရန်လိုအပ်သောလူနာများကို နီးစပ်ရာ ကျန်းမာရေးဌာနသို့ညှှန်းပို့ခြင်းနှင့် ချို့တဲ့လူနာများကို ထောက်ပံ့ခြင်းများကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။