ဒက္ခိဏသီရိမြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက မေတ္တာစမ်းရေ မူလတန်းကြိုကျောင်းရှိ ကလေးငယ်များအား ဆင်ခြေထောက်ရောဂါအကြောင်း အသိပညာပေးဟောပြောခြင်း နှင့် ဆင်ခြေထောက်ရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်း တို့ကို (၄-၇-၂၀၂၄)ရက်နေ့ တွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး၊ မေတ္တာစမ်းရေမူလတန်းကြိုကျောင်းတွင် ဆောင်ရွက်ပြုလုပ်ခဲ့ပါသည်။