မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ၏ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး (၁/၂၀၂၅) ကို (၂၀-၁-၂၀၂၅)ရက်နေ့တွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင် မှ အဖွင့်အမှာစကားပြောကြားပြီး မိမိတို့ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေး ခဲ့ကြပါသည်။
ထို့နောက် ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးမှုများအပေါ် ဥက္ကဌ မှ ဖြည့်စွက်သုံးသပ် ဆွေးနွေးပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးကို ရပ်နားခဲ့ကြပါသည်။