
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး ၏ ဝန်ထမ်းများနှင့်တွေ့ဆုံခြင်းကို (၁၉-၂-၂၀၂၅) ရက်နေ့၌ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးရှိ ခန်းမကြီးတွင် ဆောင်ရွက်ပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္က ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင် မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဝန်ထမ်းများကို မိမိတို့ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ကြိုးကြိုးစားစား ဆောင်ရွက်လုပ်ကိုင်ကြရန် မှာကြားခဲ့ပါသည်။
ဆက်လက်ပြီး ဌာနအလိုက်ဝန်ထမ်းများ မှ လုပ်ငန်းဆောင်ရွက်ချက် နှင့် လိုအပ်သည်များ တင်ပြခြင်းအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်း တို့ကို ဆောင်ရွက်ခဲ့ ကြပါသည်။
ထို့နောက် ဥက္ကဋ္ဌ မှ ဝန်ထမ်းများ၏ စားဝတ်နေရေး သက်သာချောင်ချိစေရန် ရည်ရွယ်၍ ရုံးဝန်ထမ်းအားလုံးကို ကြက်ဉ၊ ကြက်သွန် နှင့် ထောက်ပံ့ကြေးငွေများ ထောက်ပံ့ပေးခဲ့ပါသည်။