လေးမွှာပူးကလေးငယ်များအတွက် ငွေကျပ်(၅၀၀,၀၀၀) သွားရောက်ထောက်ပံ့ခြင်း။

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာယုယုခင် နှင့် ဒေါက်တာမြင့်မြင့်ခိုင် တို့သည် ( ၅ - ၃ - ၂၀၂၅)ရက်နေ့တွင်  အမျိုးသမီးနှင့်ကလေးဆေးရုံကြီး၊ ရန်ကုန် သို့ သွားရောက်ကာ  လေးမွှာပူးကလေးငယ်များအတွက် ထောက်ပံ့ငွေကျပ် (၅၀၀,၀၀၀)ကို မိခင်ဖြစ်သူထံသို့  ပေးအပ်ခဲ့ပါသည်။ လာရောက်လှူဒါန်းပေးသည့်အတွက် သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာခင်မေသင်း  မှ ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါသည်။ (၆-၃-၂၀၂၅)ရက်နေ့တွင် လေးမွှာပူးကလေးငယ်လေးများကို   သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာခင်မေသင်း က အောင်မြင်စွာ ခွဲစိတ်မွေးဖွား ပေးနိုင်ခဲ့ကြောင်းသိရှိရပါသည်။