
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင် သည် (၇-၄-၂၀၂၅) ရက်နေ့တွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းရုံးရှိဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပြီး သဘာဝဘေးအန္တရာယ်ပြီးနောက် ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲ ရောဂါများကို ဂရုစိုက်ကြရန်၊ မိမိတို့၏ကျန်းမာရေး နှင့် လုံခြုံရေးကို အထူးဂရုစိုက် သွားလာ/နေထိုင်ကြပါရန် မှာကြားခဲ့ပါသည်။ ထို့နောက် ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင်၊ အတွင်းရေးမှူးဒေါက်တာနွယ်နီအုန်း တို့သည် ဝန်ထမ်းများ အားလုံးကို ကြက်ဉ နှင့် အာလူးများ ထောက်ပံ့ပေးခဲ့ကြပါသည်။