
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ စန်းစန်းမြင့်အောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ သည် (၂၁.၁၁.၂၀၂၅) ရက်နေ့တွင် မရမ်းကုန်းမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ မရမ်းကုန်းခရိုင် ပညာရေးမှူးရုံး၌ ကျင်းပပြုလုပ်သည့် မရမ်းကုန်းမြို့နယ်အတွင်း ရှိ မူလတန်းကျောင်း (၃၁)ကျောင်းရှိ ကျောင်းသား ဦးရေ ၁၀၄၀ဦး အား ကျောင်းကျန်းမာရေး အာဟာရ (၆)ကြိမ် ကျွေးနိုင်ရန် အတွက် ထောက်ပံ့ငွေကျပ်သိန်း(၁၀၀) ပေးအပ်ခြင်း အခမ်းအနား ကို ဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မှ ဥက္ကဋ္ဌ နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့မှ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ မရမ်းကုန်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ မှ အဖွဲ့ဝင်များ၊ ခရိုင်ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မရမ်းကုန်းမြို့နယ် ပညာရေးမှူး နှင့် ကျောင်း(၃၁)ကျောင်းမှ တာဝန်ခံများ တို့က တက်ရောက်ခဲ့ကြ ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင် နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တို့က ကျောင်းကျန်းမာရေး အာဟာရအတွက် ထောက်ပံ့ငွေ ကျပ်သိန်း(၁၀၀)(ငွေကျပ်သိန်းတစ်ရာတိတိ)အား ထောက်ပံ့ပေးအပ်ခဲ့ရာ မရမ်းကုန်းမြို့နယ်ပညာရေးမှူး မှ လက်ခံခဲ့ပါသည်။
