
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ စန်းစန်းမြင့်အောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ သည် (၃-၁၂-၂၀၂၅) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ပျဉ်းမနားမြို့နယ်အတွင်း ရှိ အခြေခံပညာကျောင်း (၉၀)ကျောင်းရှိ KG ကျောင်းသား/သူ ဦးရေ ၂၂၁၁ဦး အား ကျောင်းကျန်းမာရေး အာဟာရ (၂)ကြိမ် ကျွေးနိုင်ရန် အတွက် ထောက်ပံ့ငွေကျပ်သိန်း(၇၀) ပေးအပ်ခြင်း အခမ်းအနား ကို ဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မှ ဥက္ကဋ္ဌ နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ နေပြည်တော် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့မှ ဥက္ကဋ္ဌ ပြည်ထောင်စုနယ်မြေ(နေပြည်တော်) ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စု နယ်မြေ(နေပြည်တော်) ပညာရေးမှူး တို့က တက်ရောက်ခဲ့ကြပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင် နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တို့က ကျောင်းကျန်းမာရေး အာဟာရအတွက် ထောက်ပံ့ငွေ ကျပ်သိန်း(၇၀)(ငွေကျပ်သိန်းခုနစ်ဆယ်တိတိ)အား ထောက်ပံ့ပေးအပ်ခဲ့ရာ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ မှ လက်ခံခဲ့ပါသည်။
